လှိုင်းဘွဲ   ၂၆    အောက်တိုဘာ

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံများတွင် အသုံးပြုမည့် မဲရုံသုံးပစ္စည်းများကို ယနေ့ မွန်းလွဲပိုင်းက စတင်၍  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် စနစ်တကျ ထုတ်ပေးလျက် ရှိကြောင်း သိရသည်။

 

မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဒေါ်အိသဉ္ဇာအောင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များက လှိုင်းဘွဲမြို့နယ်အတွင်းရှိ မဲရုံများအတွက် လွှတ်တော်အလိုက် မဲပုံးများ၊ ဆန္ဒပြုခန်း၊ ဆာလာအိတ်၊ ချိပ်ထောင့်၊ ချိပ်ထိုးတံဆိပ်၊ အမှတ်ခြစ်တံဆိပ်၊ လုံခြုံရေးကြိုး၊ ဗီနိုင်း၊ အမှိုက်ပုံး၊ မှင်အိုး၊ မှင်ခွက်၊ ကာဗွန်၊ ဆော့ပင်နှင့်အခြားမဲရုံသုံးပစ္စည်း စုစုပေါင်း(၃၄)မျိုးကို ရပ်ကွက်နှင့်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ ဉက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ထံ စနစ်တကျ ထုတ်ပေးလျက်ရှိသည်။

 

လှိုင်းဘွဲမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု(၈၅)အုပ်စုတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၂၃၉၉၈၀) ရှိပြီး မဲရုံ (၁၇၆)ရုံ ဆောင်ရွက်ထားရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)