ရေစကြို  ၂၆  အောက်တိုဘာ

 

ရေစကြိုမြို့နယ်တွင် ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် ၄၇ လုံးကို အောက်တိုဘာလ ၂၆ ရက် နံနက် ၉ နာရီက ရေဘေးလွတ်ရာသို့ ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ လူနေအိမ် ၄၇ လုံးကို ရေဘေးလွတ်ရာသို့ ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ရာတွင် ရေစကြိုမြို့ နယ်၊ မီးသတ်ဦးစီးဌာနက မီးသတ်ဦးစီးမှူး ဦးညီညီအောင် ဦးဆောင်ပြီး မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦးတို့က ပြောင်းရွှေ့လူနေအိမ်များကို ကူညီပြောင်းရွှေ့ခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

 

နွယ်နွယ်အောင်(ရေစကြို ပြန်/ဆက်)