မိုးမိတ်    ၂၆  အောက်တိုဘာ 

 

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်မြို့နယ်တွင် ရပ်ကွက်/ ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများနှင့် မဲရုံမှူး၊ဒုတိယမဲရုံမှူး ၊မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ မဲရုံသရုပ်ပြခြင်းကို အောက်တိုဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီက လက်ခုတ်တန်း ရပ်ကွက် မဲရုံအမှတ်(၁)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဉက္ကဋ္ဌ ဦးမင်းလွင်က   မဲရုံမှူး၊ ဒုတိယမဲရုံမှူး ၊ မဲရုံ အဖွဲ့ဝင်များအား ရွေးကောက်ပွဲမတိုင်ခင် လုပ်ဆောင်ရမည့် ကြိုတင်ပြင်ဆင်မှုများ၊ မဲပေးခြင်း လုပ်ငန်းအဆင့်ဆင့်နှင့် ဆောင်ရန်၊ရှောင်ရန်များ၊ အကူအညီလိုအပ်နေသူ မဲဆန္ဒ ရှင်များ ဆန္ဒမဲပေးခြင်း အဆင့်ဆင့်တို့နှင့် မဲရုံပိတ်ခြင်း ၊မဲရေတွက်ခြင်း၊ပယ်မဲ၊ခိုင်လုံမဲပေး ခြင်းတို့ကို  ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်မြစပယ် က မဲလက်မှတ်ထုတ်ပေးပုံ၊ ဆန္ဒမဲပေးပုံအဆင့်ဆင့်နှင့် လက်တွေ့ဆောင်ရွက်ရာ အဆင်ပြေချောမွေ့စေရေးနှင့် ကိုဗစ်-၁၉ ကာလဖြစ်သည်နှင့်အညီ ကျန်းမာရေးလမ်း ညွှန် ချက်များနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ရှင်လင်းပြောကြားခဲ့ကာ မြို့နယ် ရဲစခန်းမှ မိသားစုဝင်များနှင့်မဲရုံလုံခြုံရေးအတွက် တာဝန် ထမ်းဆောင်ကြမည့် အထူးရဲများက ဆန္ဒမဲပေးခြင်းတွင် လာရောက်လေ့လာ သရုပ်ပြ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မိုးမိတ်မြို့နယ်တွင် မဲရုံပေါင်း (၆၈ ) ရုံရှိပြီး မိုးမိတ်မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေမှာ  ၄၇၀ဝ၀  ကျော်ခန့်ရှိကြောင်းသိရသည်။

 

 မိုးမိတ်သား(စည်သူဌေး)