mdn

နေပြည်တော် ၂၆ အောက်တိုဘာ

 

ပြ‌ည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ အောက်တိုဘာ ၁၈ ရက်မှ ၂၂ ရက်အတွင်း သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ မိုးကောင်းကျေးရွာအနီး သစ်စက်ဟောင်းနေရာနှင့် ရွှေကျင်ကြိုးဝိုင်း အကွက်အမှတ်(၂) အတွင်း၌ တရားမဝင် ချန်ချိုင်း (၃၄)ကောင်အင်ဂျင် (၃)လုံးပါ ရွှေမျောနှင့်သက်ဆိုင်သည့် ဆက်စပ်ပစ္စည်းများနှင့် တရားမဝင် ကျွန်း/ အင်/ ကညင်သစ်/ ခွဲသား/ ခွဲခြမ်း (၁၆ ဒသမ ၈၀၉၄) တန်၊ အင်းတော်မြို့နယ်၊ သီလရွာအနီးတွင် တရားမဝင်ကျွန်းသစ် (၂ ဒသမ ၆၄၄)တန်နှင့် GHANGGHAI (၂၂)ကောင်အင်ဂျင် (၁)လုံးပါ သစ်စက်ဆက်စပ်ပစ္စည်းများကိုလည်းကောင်း။

 

ဗန်းမောက်မြို့နယ်၊ တပ်လွင်ကြိုးဝိုင်းအကွက်အမှတ် (၃၁၊ ၃၂)အတွင်း တရားမဝင် ကျွန်းသစ်/ ခွဲသား (၁၆ ဒသမ ၃၄၆)တန်၊ ဝီလင်း(၂၅) ကောင် အင်ဂျင်(၁)လုံးပါ ဆက်စပ်ပစ္စည်းများ၊ Swis ချိန်းဆော(အစိမ်းရောင်) (၁)လုံး၊ ဆင်မ(၁) ကောင်၊ ဆင်ဦးစီး(၁)ဦး၊ သစ်စက်ပိုင်ရှင်(၁)ဦး၊ ဘုတလင်မြို့နယ်၊ စလွန်းကျေးရွာအနီး၊ ချင်းတွင်းမြစ်အတွင်း တရားမဝင် အင်ခွဲသား (၃၇ ဒသမ ၅၆၂၄) တန်၊ မင်းကင်းမြို့နယ်၊ အင်ပင်လှရွာအနီးတွင် ZOOMLION-554A လယ်ထွန်စက်(အစိမ်းရောင်)နှင့် နောက်တွဲယာဉ် (၁)စီးနှင့် တရားမဝင် အင်/ကညင်သစ် (၂၉ ဒသမ ၉၇၄)တန်၊ သာယာဝတီမြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင် အမှတ်(၈၅/၀) အနီး (၆)ဘီးယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား ဆိုဒ်စုံ (၄ ဒသမ ၀၃၆၄)တန်တို့အား လည်းကောင်း ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့၍ တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်ကာ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။ 

 

ညီညီသန်း(သတင်းစဉ်)