မုံရွာ ၂၆ အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ် ညောင်ပင်လှကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေဖြင့် အိမ်တိုင်ရာရောက် ရေမီတာစနစ် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း မုံရွာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ညောင်ပင်လှကျေးရွာတွင် အိမ်တိုင်ရာရောက် ရေမီတာစနစ်ဖြင့် အရှည် ပေ ၁၀၆၅၀ ရှိ ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းများကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေကျပ် ၁၂၉ သိန်းဖြင့် ဌာနမှ နည်းပညာပံ့ပိုးကူညီပေးခဲ့ပြီး ကျေးရွာသူကျေးရွာသားများကိုယ်တိုင် ဩဂုတ်လအတွင်းက စတင်၍ ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း မုံရွာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ချိုထံမှ သိရသည်။

 

အဆိုပါ အိမ်တိုင်ရာရောက် ရေမီတာစနစ်ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများ အားလုံးဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ ညောင်ပင်လှကျေးရွာရှိ အိမ်ခြေ ၁၂၀ မှ လူဦးရေ ၄၀၀ ကျော်အတွက် သောက်သုံးရေဖူလုံရေးအတွက် အကျိုးပြုနေပြီဖြစ်ကြောင်း သိရသည်။

 

ဂျိုင်းလော(သတင်းစဉ်)