ကလေး ၂၇ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ခုတင် ၃၀၀ဆံ့ဆေးရုံကြီး တိုင်းရင်းဆေးရုံတွင် ဆေးကုသမှုခံယူသည့် ကိုဗစ်-၁၉ကပ်ရောဂါ အတည်ပြုလူနာ(၄)ဦးတို့ဟာ ဆေးရုံဆင်းသတ်မှတ်ချက်များအရ ယနေ့နံနက်က ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါအတည်ပြုလူနာ (၄)တို့မှာ ကလေးမြို့အောင်သစ္စာရပ်ကွက်နေအမျိုးသား(၂)ဦးနှင့် အမျိုးသမီး (၂)ဦးတို့ဖြစ်ပြီး ဆေးရုံဆင်းခွင့်ရရှိကြသူများကို ကလေးမြို့ခုတင်-၃၀၀ဆံ့ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မျိုးဝင်းနှင့် တာဝန်ရှိသူများက ဆေးရုံဆင်းလက်မှတ်များပေးအပ်ခဲ့ကြပြီး ဆေးရုံဆင်း ပြီးနောက်လိုက်နာရမည့်အချက်များကို တိကျလိုက်နာစေရန်မှာကြားခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ ကပ်ရာဂါကူးစက်ခံရသည့်အတည့်ပြုလူနာ (၄၇)ဦးရှိကာ (၃၆)ဦးမှာ ဆေးရုံဆင်းခွင့်ရရှိကြပြီး ကျန်ရှိနေသည့် အတည်ပြုလူနာ(၁၁)ဦးတို့အား ကလေးမြို့ခုတင်-၃၀၀ဆံ့ဆေးရုံကြီး တိုင်းရင်းဆေးရုံတွင် ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။
ထန်းဖုန်(ပြန်/ဆက်)


