သုံးခွ ၂၇ အောက်တိုဘာ
ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်မဲဆန္ဒပုံးအား စစ်ဆေး၍ လုံခြုံရေး ကြိုးများဖြင့် ချိတ်ပိတ်ဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ(၅)နာရီက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် သုံးခွမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးချစ်ကိုကိုနှင့် ကော်မရှင်မှ တာဝန်ရှိသူများက နိုင်ငံရေးပါတီများနှင့်အတူ ပွင့်လင်းမြင်သာမှုရှိစေရန် မဲဆန္ဒနယ် ပြင်ပရောက် ကြိုတင် မဲပေးနိုင်သည့် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး အတွက် ရောက်ရှိလာသော ဆန္ဒမဲ လက်မှတ်စာအိတ်များအား လုံခြုံစွာ ထည့်သွင်းသိမ်းဆည်းထားရှိနိုင်ရေး အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများရှေ့တွင် မဲပုံးအား စစ်ဆေး၍ လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်တွင် အောက်တိုဘာလ(၂၉)ရက်နေ့မှစ၍ နိုဝင်ဘာလ(၅)ရက်နေ့ မနက်(၈)နာရီမှ ညနေ(၆)နာရီထိ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
မြို့နယ်ပြန်ဆက်


