မြန်အောင် ၂၄ အောက်တိုဘာ

 

မြန်အောင်ပြည်သူ့‌ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကုန်တင်ယာဉ်မောင်းသူ ကိုဗစ်-၁၉ ရောဂါပျောက်ကင်း၍ ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့ မွန်းလွဲ ၃ နာရီက ဆေးရုံမှဆင်းခွင့်ရရှိခဲ့ကြောင်း သိရှိရသည်။

 

မြန်အောင်မြို့ အ.ထ.က (၁)တွင် Quarantine (၁၄) ရက် ဝင်ရောက်နေသော Primary Contact (၁၀)ဦးမှာလည်း ကျန်းမာရေးကောင်းမွန်သဖြင့် Stay at Home (၇) ရက် မိမိတို့နေအိမ်တွင် နေထိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါ‌ပျောက်ကင်း၍ဆေးရုံဆင်းခွင့်ရသော ကုန်တင်ယာဉ်မောင်းသူနှင့် Quarantine ဝင်နေသူများအား မြန်အောင်ပြည်သူ့ဆေးရုံမှ ဒေါက်တာတေဇာစိုးနိုင် ဦးဆောင်၍ မေတ္တာရှင်သွေးလှူအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းထွန်းတို့က အိမ်အရောက်ပို့ဆောင်ပေးခဲ့ရာ ရပ်ကွက်နေပြည်သူများက ကြိုဆိုအား‌ပေးစကားပြောကြား၍ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။

 

ဝင်းဗိုလ် (ပြန်/ဆက်)

 

mdn