ရန်ကုန်     ၂၇   အောက်တိုဘာ     

 

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာ အထက်တန်း ကျောင်းတွင် ဖွင့်လှစ်ထားသော Community  Based  Facilities  Quarantine  Centre အတွက် လိုအပ်နေသည့် အောက်စီဂျင်ဓာတ်ငွေ့ (၅)လီတာ ပမာဏ ထုတ်လုပ်ပေးနိုင်သော ငွေကျပ် ၆၃၀ဝ၀ဝ တန်ဖိုးရှိ Oxygen Concentrator (၁)လုံးကို ယမန်နေ့ ညနေပိုင်းအချိန်က အဆိုပါ Community  Based  Facilities  Quarantine  Centre ရှိ အုပ်ချုပ်မှုရုံးခန်း၌ တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မျိုးလွင်နှင့် ဇနီး-ဒေါ်စိုးစိုးမာ၊ သား-မောင်ဇေယျာဝင်း၊ သမီး-မထက်ထက်ဆုအောင်၊ သမီး-မအိမြင့်မြတ်ချယ် မိသားစုတို့က ပေးအပ်လှူဒါန်းရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်အေးနှင့် အဖွဲ့ဝင်များက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့သည်။

 

mdn

 

အဆိုပါ လှူဒါန်းရရှိသော အောက်စီဂျင်ဓာတ်ငွေ့ (၅)လီတာ ပမာဏ ထုတ်လုပ်ပေးနိုင်သည့် Oxygen Concentrator အား တာမွေမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသော Community  Based  Facilities  Quarantine Centre တွင် အသုံးပြုသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။                                                                                                                                                                

 

နိုင်လင်းအောင်(ပြန်/ဆက်)