နေပြည်တော် ၂၇ အောက်တိုဘာ
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် စေတနာရှင်ပြည်သူများ၊ အသင်းအဖွဲ့များက ငွေနှင့်ပစ္စည်းများ ကူညီလှူဒါန်း ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၂၇ ရက်တွင် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၉၉) ကျောင်းဆင်း သူငယ်ချင်းများက သေဆုံး/ကျဆုံး သူငယ်ချင်းများအား ရည်စူး၍ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးရှိ ဆေးကုသဆောင်တွင် ဖွင့်လှစ်ထားသည့် Fever Clinic တွင် လိုအပ်သည်များ အသုံးပြုနိုင်ရန်အတွက် အလှူငွေကျပ်သိန်း ၃၀ အား ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါ အလှူငွေများအား အင်းစိန်အထွေထွေရောဂါကု ဆေးရုံကြီးမှ ပါမောက္ခ ဒေါက်တာမာမာကြည်က လက်ခံရယူ၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


