mdn

ထက်လျှံ၊ ဓာတ်ပုံ - ဇော်မင်းလတ်

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အောက်တိုဘာ ၂၇ ရက် ညနေ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

အစီအစဉ်မှူး။              ကိုဗစ် - ၁၉ ကမ္ဘာ့ကပ်ရောဂါဟာ ကမ္ဘာတစ်ဝန်းမှာ ဆက်လက်ကူးစက် ပျံ့ပွားလျက်ရှိနေသလို မြန်မာနိုင်ငံမှာလည်း ရောဂါအတည်ပြုလူနာပေါင်း ၄၅၀၀၀ ကျော်နဲ့ သေဆုံး သူပေါင်း ၁၀၀၀ ကျော် ရှိလာပြီဖြစ်ပါတယ်။

တစ်ချိန်တည်းမှာလည်း လူမှုကွန်ရက်တွေပေါ်မှာ ကိုဗစ် - ၁၉ နဲ့ပတ်သက်လို့ အမျိုးမျိုးသော သတင်းအချက်အလက်တွေ ပျံ့နှံလျက်ရှိတာကိုလည်း တွေ့နေရပါတယ်။ အွန်လိုင်းပေါ်မှာ ပျံ့နှံနေတဲ့ မှန်ကန်မှုမရှိတဲ့ အချက်အလက်တွေကို ယုံကြည်ပြီး လိုက်နာဆောင်ရွက်မိရင်တော့ အလွန်ကိုပဲ အန္တရာယ်ကြီးမားနိုင်တာကြောင့် ကိုဗစ် - ၁၉ နဲ့ပတ်သက်ပြီး မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို ပါမောက္ခကြီးတွေ၊ သမားတော်ကြီးတွေက ရုပ်မြင်သံကြားအစီအစဉ်နဲ့ လူမှုကွန်ရက်တို့ကနေ အပတ်စဉ် ရှင်းလင်းပြောကြားပေးနေပါတယ်။

ပြည်သူတွေအနေနဲ့လည်း ရောဂါကူးစက်ဖြစ်ပွားမှုကို ကာကွယ်နိုင်ဖို့နဲ့ ခံနိုင်ရည်ရှိစေဖို့အတွက် မိမိတို့ကိုယ်တိုင် ကိုယ်ခံအားကောင်းအောင် အတတ်နိုင်ဆုံးကြိုးစားနေထိုင်ဖို့နဲ့ ရောဂါကူးစက်ခံရတဲ့ လက္ခဏာတွေ ပြသလာပြီဆိုရင် ဆေးရုံ၊ ဆေးခန်းတွေကို အမြန်ဆုံးသွားရောက် ကုသမှုခံယူဖို့ကလည်း အလွန်ကို အရေးကြီးပါတယ်။

ဒီနေ့အတွက် ကိုဗစ်အကြောင်း သိကောင်းစရာ မေးခွန်း မေးမြန်း / ဖြေကြား ဆွေးနွေးမှုမှာ ပါမောက္ခဒေါက်တာမြင့်ဟန် [ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြု အားဖြည့်ဆောင်ရွက်ရေးအဖွဲ့ဝင်] ပါမောက္ခဒေါက်တာမိုးမိုးစန်း [ပါမောက္ခ (အပူပိုင်း / ကူးစက်) ဆေးတက္ကသိုလ် - (ရန်ကုန်) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန] တို့နဲ့အတူ ဒေါက်တာထင်လင်း [ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာ / ဝယ်ယူဖြန့်ဖြူးရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန] က ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီနေ့ဆွေးနွေးမှုမှာ ဆရာကြီးတို့၊ ဆရာမကြီးတို့အနေနဲ့ အချိန်ပေးပြီး အထူးကျေးဇူးတင်ရှိပါတယ်။ ဒီနေ့ရဲ့ ဆွေးနွေးမှုတွေ စတင်နိုင်ဖို့အတွက် ဆရာကြီးဒေါက်တာထင်လင်းကနေ ဦးဆောင်ပြီး ဆွေးနွေးပြောကြားပေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။

ဒေါက်တာထင်လင်း။               ဒီနေ့ဆွေးနွေးပွဲအတွက် ကျွန်တော် ပထမဆုံးအနေနဲ့ ဆရာကြီး ပါမောက္ခဒေါက်တာမြင့်ဟန်ကို ဖိတ်ခေါ်ချင်ပါတယ်။ ဆရာကြီးက စတင်ဆွေးနွေးပေးဖို့ ပန်ကြားအပ်ပါတယ်ခင်ဗျာ့။

ပါမောက္ခဒေါက်တာမြင့်ဟန်။               ဟုတ်ကဲ့ပါ။ ရရှိထားတဲ့ မေးခွန်းတွေထဲက ကျွန်တော် ဖြေကြားမယ့် မေးခွန်းကို ပထမဆုံးပြောပြပါ့မယ်။ အဲဒီမေးခွန်းက Quarantine အဖြစ်သတ်မှတ်တဲ့ ၁၁ ရက်ဆိုတာ လက္ခဏာစပြတဲ့ရက်က ၁၁ ရက်လို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ အဲဒီလက္ခ ဏာစပြတဲ့ရက်ဆိုတာ စဖျားတဲ့ရက်ကို ပြောတာလား။ အနံ့ပျောက်တဲ့ရက်တွေကို ပြောတာပါလား ခင်ဗျာ။ ဥပမာ - ရက်နေ့က စဖျားပြီး ရက်နေ့မှာ အနံ့ပျောက်တယ်ဆိုရင် သူ Quarantine ရမယ့် ၁၁ ရက်သည် ရက်မြောက်နေ့ကစပြီးတော့ အပေါင်း ၁၁ ရက်ဖြစ်မလား။ ရက်မြောက် နေ့ကစပြီး အပေါင်း ၁၁ ရက်ဖြစ်မလား။

ဒီမေးခွန်းကို ဖြေကြားရရင် အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဆီမှာ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေရှိပါတယ်။ အဲဒီနေရာမှာ ဒီမေးခွန်းရှင် မေးထားတဲ့အထဲမှာ အရေးကြီးတဲ့အချက်ကတော့ Onset of Symptoms လို့ခေါ်တဲ့ လက္ခဏာတွေ စပြတဲ့အချိန် အရေးကြီးပါတယ်။ လက္ခဏာတွေ စပြတဲ့အထဲမှာ ကိုဗစ်ရဲ့ အများဆုံးတွေ့ရတဲ့ လက္ခဏာတွေက ဖျားမယ်၊ ချောင်းဆိုးမယ်၊ နောက်ပြီး ခန္ဓာကိုယ်နုန်းချိ ပင်ပန်းနေမယ်။

ဒီလက္ခဏာတွေအပြင် အသက်ရှုလမ်းကြောင်းနဲ့ မဆိုင်တဲ့ တခြားလက္ခဏာတွေလည်း ရှိနိုင်ပါတယ်။ မောခြင်း၊ ကိုယ်ခန္ဓာ နာခြင်း၊ အဆစ်တွေကိုက်ခြင်း၊ ဝမ်းလျှောခြင်း၊ အန်ခြင်း စတာတဲ့ လက္ခဏာတွေ များစွာရှိပါတယ်။

အဲဒီတော့ ဒီလက္ခဏာစပြတဲ့ရက်ကို သက်ဆိုင်ရာဆရာဝန်ကနေပြီး ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဒီလူနာမှာဆိုရင် ဖျားလည်း ဖျားတယ်။ နောက် ရက်နေမှ အနံ့ပျောက်သွား တယ်ဆိုတော့ ဖျားတဲ့အချိန်ကစပြီး ယူရမှာဖြစ်ပါတယ်။ အဲဒီကနေစပြီးတော့ အားလုံးပေါင်း ၁၁ ရက်ကို ဆေးရုံ သို့မဟုတ် ဆေးကုသမှုစင်တာတွေမှာ လူနာက နေရတာဖြစ်ပါတယ်။

ဒီမှာ အချိန်ပိုင်း ကန့်သတ်ချက်ကတော့ ၁၁ ရက်ဖြစ်တယ်။ ဒါပေမယ့် တခြားသော အချက်တွေကိုလည်း ကျွန်တော်တို့ ကြည့်ရတာရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူနာအနေနဲ့ ရောဂါလက္ခဏာ ဝေဒနာတွေကို ခံစားနေရတဲ့အတွက် သူရဲ့လက္ခဏာတွေ သက်သာဖို့ အရေးကြီးပါတယ်။ နံပါတ် () က သူရဲ့ လက္ခဏာတွေ သက်သာသွားရမယ်။ အနည်းဆုံး တစ်ရက် ကိုယ်ပူကျဆေးနဲ့ တခြားဆေးတွေ အကူအညီ မပါဘဲနဲ့ ရောဂါလက္ခဏာတွေ ပျောက်ကင်းမှ ကျွန်တော်တို့က ဆေးရုံကနေ ဆင်းပေးဖို့ စဉ်းစားပေးတာဖြစ်ပါတယ်။

ဒါ့အပြင် တခြားဘာတွေကို ကြည့်ရသေးလဲဆိုရင် လူနာရဲ့ ရောဂါအခြေအနေ ပြင်းထန်မှုကို ကြည့်ရပါတယ်။ တချို့တွေဆိုရင်လည်း ခုခံအားကျဆင်းနေတဲ့ အနေအထားတွေမှာရှိရင်လည်း ဒါကိုလည်း ထည့်သွင်းပြီးတော့ စဉ်းစားရပါတယ်။ စောစောကပြောကြားခဲ့သလို ၁၁ ရက်က ပုံသေလို့ သတ်မှတ်ပြောကြားလို့ မရပါဘူး။

ရောဂါလက္ခဏာ ပြင်းထန်တဲ့သူတွေမှာဆိုရင် ကိုဗစ် - ၁၉ ဗိုင်းရပ်စ်က ရက် ၂၀ ကျော်တဲ့အထိ ရှိနေနိုင်တဲ့အတွက် လူနာကို အနည်းဆုံး ရက် ၂၀ ဆေးရုံမှာရှိနေပြီး စောစောက ကျွန်တော် ပြောတဲ့ ရောဂါရဲ့ လက္ခဏာတွေ၊ ခံစားမှုတွေ သက်သာဖို့က အနည်းဆုံး ရက် သက်သာမှ ဒီလူနာကို Isolation ကနေပြီး Release လုပ်ဖို့၊ Discharge လုပ်ဖို့ စဉ်းစားတာဖြစ်ပါတယ်။

အဲဒီနေရာမှာ ကျွန်တော်တို့ မေးခွန်းတွေရှိပါတယ်။ တချို့ကတော့ Test တွေ ပြန်မလုပ်ဘဲနဲ့ လူနာကို ပေးပြန်တဲ့အတွက် စိတ်ချရမလားဆိုတဲ့ မေးခွန်းတွေရှိပါတယ်။ ဒီနောက်ပိုင်း တွေ့ရှိချက်တွေအရ Symptom-based Strategy လို့ခေါ်တဲ့ ရောဂါလက္ခဏာအခြေပြုမဟာဗျူဟာကို ကျွန်တော်တို့ အသုံးပြုခြင်းဖြစ်ပါတယ်။ Test-based Strategy လို့ခေါ်တဲ့ စမ်းသပ်မှုအခြေပြု မဟာဗျူဟာ မဟုတ်တော့ပါဘူး။

များသောအားဖြင့်  ၁၀ ရက်နောက်ပိုင်းမှာ သာမန်လူနာတွေ၊ သာမန်ပြင်းထန်တဲ့ လူနာတွေဆိုရင် ရောဂါပိုးဟာ Replication Competent Virus လို့ခေါ်တဲ့ ကူးစက်နိုင်စွမ်းလည်း မရှိတော့ပါဘူး။ ပြင်းထန်တဲ့လူနာတွေဆိုရင် ရက် ၂၀ နောက်ပိုင်းမှာ ကူးစက်နိုင်တဲ့ အနေအထား မရှိတော့ပါဘူး။ ဒါပေမယ့် ပိုပြီးစိတ်ချရအောင် ဒီလူနာကို ဆေးရုံက ဆင်းပေးလိုက်တယ် ဆိုပေမယ့်လည်း မိမိရဲ့ အိမ်မှာ တစ်ပတ်ဆက်ပြီးတော့ နေအိမ်ကနေ အပြင်မထွက်ဘဲ နေရပါမယ်။ Mask နှာခေါင်းစည်းကိုလည်း ဆက်ပြီး စီးထားရပါမယ်။ အိမ်မှာလည်း မိမိရဲ့ အသုံးအဆောင်ပစ္စည်း တွေဖြစ်တဲ့ အိပ်ရာခင်း၊ ခေါင်းအုံး စတဲ့ပစ္စည်းတွေကိုလည်း သီးခြားတတ်နိုင်သမျှ သုံးစွဲရပါတယ်။ နောက်ပြီး ခပ်ခွာခွာနေရမယ်။ အိမ်ကိုလည်း လေဝင်၊ လေထွက် ကောင်းအောင်လုပ်ရမယ်။ အများသုံးပစ္စည်းတွေကို ကိုင်တွယ်အသုံးပြုတဲ့အခါတိုင်း လက်ဆေးဖို့ ဒါတွေကို အတိအကျ လိုက်နာခြင်းဖြင့် ကူးစက်မှုဟာ တခြားသူကိုလည်း မကူးစက်နိုင်တော့ဘူး။ မိမိအတွက်လည်း ပိုပြီးစိတ်ချရတဲ့ အနေအထားဖြစ်လာမယ်လို့ ကျွန်တော့်အနေနဲ့ ဖြေကြားလိုပါတယ်။

ဒေါက်တာထင်လင်း။    နောက်ဆက်လက်ပြီး ပါမောက္ခ ဒေါက်တာမိုးမိုးစန်း အနေနဲ့လည်း မေးမြန်းထားတဲ့ မေးခွန်းတွေကို ဖြေကြားပေးဖို့  ပန်ကြားအပ်ပါတယ်။

ပါမောက္ခဒေါက်တာမိုးမိုးစန်း။              ကျွန်မက ကုသရေးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေကြားမှာ ဖြစ်ပါတယ်။ ပထမဦးဆုံးက Convalescent Plasma လို့ခေါ်တဲ့ သွေးရည်ကြည်ကုထုံးဆိုင်ရာ မေးခွန်းပါ။ မေးခွန်းရှင် မေးထားတာက သွေးရည်ကြည် လှူဒါန်းသူ တစ်ယောက်ဟာ () ကြိမ်အထိ လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။ လှူဒါန်းသူအတွက် ကောင်းကျိုး၊ ဆိုးကျိုး ဘာတွေများရှိနိုင်ပါသလဲ။ ဥပမာ - လှူဒါန်းလိုက်တဲ့အတွက်ကြောင့် Antibody တွေ ကုန်ခမ်းသွားနိုင်သလား။ နောက်တစ်ခါ ရောဂါကူးစက်နိုင်ခြေ ပိုများနိုင်သလားလို့ မေးထား ပါတယ်။ နောက်မေးခွန်းရှင် တစ်ယောက်က Positive မဖြစ်တဲ့ Primary Contact တွေ စီကနေ သွေးရည် ကြည်ထုတ်ယူပြီး ကုသပေးလို့ ရမလားဆိုပြီး မေးထားပါတယ်။

အဖြေက ရောဂါဖြစ်ပြီးသူတွေ ရောဂါလက္ခဏာပျောက်ပြီး အနည်းဆုံး ၂၈ ရက်အကြာမှာ သွေးရည်ကြည် လှူဒါန်းလို့ ရရှိပါတယ်။ ရောဂါမဖြစ်ဖူးသူအနေနဲ့ သွေးရည်ကြည် လှူဒါန်းလို့ မရပါဘူး။ လှူဒါန်းသူ တစ်ယောက်ဟာ () ပတ်မှ () ပတ်အတွင်းမှာ တစ်ကြိမ်စီ၊ စုစုပေါင်း ကြိမ်အထိ လှူဒါန်းနိုင်ပါတယ်။

တစ်ကြိမ်လှူဒါန်းလို့ရှိရင် Apheresis စက်နဲ့ 400 cc ကနေ 600 cc အထိ သွေးရည်ကြည်တွေ ထုတ်ယူရနိုင်တဲ့အတွက်ကြောင့် အလှူရှင် တစ်ဦးထံမှ တစ်ကြိမ် လှူလို့ရှိရင် လူနာ ဦးနဲ့ ဦးကို ပေးနိုင်ပါတယ်။ သွေးနီဥတွေကို အလှူရှင်စီ ပြန်ထည့်ပေးလိုက်တဲ့အတွက်ကြောင့် သွေးအားနည်းခြင်းလည်း မဖြစ်နိုင်ပါဘူး။ Antibody တွေက လူ့ခန္ဓာကိုယ်ထဲက ထုတ်လုပ်တာဖြစ်တဲ့အတွက်ကြောင့် လှူဒါန်းလို့ ကုန်သွားတဲ့ Antibody တွေကို ပြန်ထုတ်ပေးနိုင်တဲ့အတွက်ကြောင့် ကုန်သွားတာ မရှိနိုင်ပါဘူး။ ခန္ဓာကိုယ်က ပြန်ထုတ်နိုင်ပါတယ်။ ဒါကြောင့် ရောဂါကူးစက်နိုင်ခြေ ပိုများသွားတာလည်း မရှိနိုင်ပါဘူး။

သွေးရည်ကြည်အလှူရှင်တွေကိုမလှူခင်မှာ ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ပါတယ်။ လိုအပ်တဲ့ သွေးဖောက်စစ်ဆေးမှုတွေကို လုပ်ပြီးမှ Fit ဖြစ်တဲ့ အလှူရှင်တွေကသာ လှူနိုင်တဲ့အတွက်ကြောင့် ဆိုးကျိုးဖြစ်နိုင်ခြေ အလွန်နည်းပါး ပါတယ်။ ယခုအချိန်အထိ အလှူရှင်ပေါင်း ၁၅၀ ထံကနေ သွေးရည်ကြည်ကို အလှူခံပြီး ဖြစ်ပါတယ်။ အဲဒီမှာ ဆိုးကျိုးခံစားရတဲ့ အလှူရှင် တစ်ဦးတစ်ယောက်မှ ကျွန်မတို့ မတွေ့ရှိရသေးပါဘူး။

ယခုကျွန်မ အလုပ်လုပ်နေတဲ့ တောင်ဥက္ကလာပ ကိုဗစ်အထူးကုသရေးဆေးရုံမှာ သွေးရည်ကြည်ကုထုံးနဲ့ လူနာ ၃၀ ကို အောင်အောင်မြင်မြင် ကုသပေးပြီးနေပါပြီ။ အများသောအားဖြင့် သွေးရည်ကြည် ထုပ်လိုတဲ့ လူနာတွေ ရှိပါတယ်။ တချို့ သိပ်မဆိုးတဲ့ လူနာတွေက တစ်ထုပ်၊ သိပ်ဆိုးတဲ့ လူနာတွေက ထုပ်အထိ ပေးထားရပါတယ်။ အဲဒီမှာ ၂၅ ယောက်က သက်သာပျောက်ကင်းပြီး အဲဒီအထဲက တစ်ဝက်လောက်က နေအိမ်ကို ပြန်ပြီးဆင်းသွားနိုင်ပါပြီ။ အဲဒီအထဲမှာမှ ယောက်က ဆုံးပါးသွားတဲ့ အခြေအနေတွေရှိပါတယ်။ ရောဂါလက္ခဏာ ဆိုးရွားတဲ့လူတွေပေါ့နော်။

နောက်မေးခွန်းက Remdesivir ဆေးဝါးနဲ့ ပတ်သက်တဲ့ မေးခွန်းပါ။ မေးခွန်းရှင် မေးမြန်းထားတာက မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြခဲ့တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဦးစီး လေ့လာခဲ့တဲ့ သုတေသနပြုချက် Solidarity Trial အရ ကိုဗစ် - ၁၉ ဝေဒနာရှင်တွေကို ဗိုင်းရပ်စ် ထိန်းချုပ်ဆေးဝါးအမျိုးမျိုး စမ်းသပ်သုံးစွဲကြည့်ရာမှာ Remdesivir ဆေး အပါအဝင် အခြားဆေးတွေမှာ ၂၈ ရက်အတွင်း သေဆုံးနှုန်းနဲ့ ဆေးရုံတက် ကုသခံရမှုတွေကို လေ့လာကြည့်တဲ့အခါမှာ အာနိသင်မရှိဘူး သို့မဟုတ် မရှိသလောက်ဖြစ်တာ တွေ့ရတယ်လို့ ဆိုပါတယ်။ တစ်ခါအမေရိကန်ပြည်ထောင်စု National Institute of Allergy and Infectious Diseases ဓာတ်မတည့်ခြင်းနှင့် ကူးစက်ရောဂါဆိုင်ရာ အမျိုးသားအင်စတီကျူရဲ့ လေ့လာသုတေသနပြု ချက်မှာတော့ Remdesivir ဆေးဝါးပေးရာမှာ ရောဂါပြန်လည်ကောင်းမွန်လာဖို့ ကာလတိုတာ၊ ရောဂါမြန်မြန်သက်သာလာတာ တွေ့ရတယ်လို့ ဆိုပါတယ်။ အသုံးတည့်မယ့် လူနာအမျိုး အစားတွေမှာ Remdesivir ဆေးဝါးမပေးလို့ရှိရင် ၁၅ ရက် လောက်နဲ့ သက်သာသွားပြီး Remdesivir ဆေးဝါး ပေးထားလိုက်တဲ့ လူနာတွေမှာ ၁၀ ရက်လောက်နဲ့ သက်သာလာတာ တွေ့ရတယ်လို့ ဆိုပါတယ်။ အဲဒီလို ဆန့်ကျင်ဘက်ဖြစ်နေတဲ့ သုတေသနပြုချက်တွေမှာ ဘာကို အမှန်လို့ ယူဆရမလဲ၊ ရှင်းပြပေးပါလို့ သူက မေးထားပါတယ်။

တွေ့ရှိချက်တွေ မတူတာဖြစ်နေတာက လေ့လာတဲ့ပုံစံတွေ ကွဲပြားလို့ ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အဓိကလေ့လာတဲ့ Primary Inquiry က Mortality လို့ခေါ်တဲ့ သေနှုန်းကို ကြည့်တာပါ။ အမေရိကန် ပြည်ထောင်စုရဲ့ လေ့လာမှုက Time to Recovery လို့ခေါ်တဲ့ ရောဂါ ပြန်လည်ကောင်းမွန်လာတဲ့ ကာလကို ကြည့်တာပါ။ ဒါကြောင့်ကြည့်တဲ့ End Point ခြင်း မတူပါဘူး။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ လေ့လာမှုက အာရှ၊ အာဖရိက၊ ဥရောပ အပါအဝင် နိုင်ငံတော်တော်များများမှာ လေ့လာပါတယ်။ ဆေး () မျိုးကို လေ့လာတဲ့အထဲမှာ Remdesivir ဆေးက တစ်ခု အပါအဝင် ဖြစ်ပါတယ်။ သူကတော့ Mortality ဖြစ်တဲ့ သေနှုန်းကို အဓိကထားပြီး လေ့လာပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ လေ့လာမှုက အမေရိကန်နဲ့ ဥရောပမှာ အဓိက လေ့လာပြီး အာရှနိုင်ငံ အနည်းငယ်ပဲ ပါတာကို တွေ့ရပါတယ်။ အမေရိကန်ရဲ့ လေ့လာမှုမှာ ခြုံငုံသုံးသပ်ပြီး ထွက်လာတာအပြင်ကို အုပ်စုခွဲတွေကိုလည်း လေ့လာထားတဲ့ တွေ့ရှိချက်တွေကိုလည်း တွေ့ရပါတယ်။ အဲဒါတွေအရ ဒီဆေးဝါးသည် အောက်ဆီဂျင် ပေးထားရတဲ့သူတွေမှာ ပိုပြီးအကျိုးရှိတာကို တွေ့ရပါတယ်။ ဒါပေမယ့် အသက်ရှူစက်တင်ရတဲ့သူတွေမှာ သိပ်အကျိုးမရှိဘူးလို့ ဆိုထားပါတယ်။ စောစောပေးတဲ့သူတွေမှာ ပိုပြီးအကျိုးရှိပါတယ်။ (၁၀) ရက်ကျော်ပြီးမှ ပေးတဲ့သူတွေမှာ သိပ်ပြီး မကောင်းဘူးလို့ သိရပါတယ်။

အဲဒါကလည်း ဒီ Remdesivir ဆေးသည် ဗိုင်းရပ်စ်ကို တိုက်ထုတ်တဲ့ Antiviral ဖြစ်တဲ့ အတွက်ကြောင့် ဗိုင်းရပ်စ်ရှိနေတဲ့အချိန်မှာ သူသည် ပိုပြီးအကျိုးအာနိသင်ရှိတဲ့ဟာကို ပြခြင်းဖြစ်ပါတယ်။ Remdesivir ဆေးတွေက အထောက်အကူဆေးအနေနဲ့ပဲ အသုံးဝင်တာပါ။ ရောဂါဖြစ်ပွားမှု အဆင့်အတိုင်းမှာ အသုံးမဝင်ပါဘူး။ ဥပမာ - ရောဂါသိပ်မပြင်းထန်တဲ့ လူတွေမှာပေးရန် မလိုပါဘူး။ သိပ်ဆိုးတဲ့သူတွေမှာလည်း အကျိုးမရှိတာကိုလည်း တွေ့ကြရပါတယ်။ အချိန်တိုင်းအတွက်လည်း အသုံးမတည့်ပါဘူး။ နောက်ကျမှ ရောက်လာတယ်။ (၁၀) ရက်ကျော်နဲ့ () ပတ်ကျော်တဲ့လူ တွေမှာ သူ့ကို သုံးလို့လဲ အကျိုးမရှိပါဘူး။

အဲဒီတော့ ရောဂါကို လုံးဝပျောက်ကင်းစေတဲ့ ကုထုံးတွေ မပေါ်သေးတဲ့ ရောဂါအသစ်တွေမှာ ဒီအထောက်အကူပြုစေတဲ့ ဆေးတွေကို သူ့နေရာနဲ့သူ၊ သူ့အချိန်နဲ့သူ သုံးပြီး အကျိုးရှိအောင် ကျွန်မတို့က လုပ်ကြရပါတယ်။ ဒီဆေးမှာလည်း ကုတဲ့အခါမှာ အသည်း မကောင်းတဲ့သူတွေ၊ ကျောက်ကပ် မကောင်းတဲ့သူတွေကို ဆေးပေးလို့ မရပါဘူး။ ဒါကြောင့် အဲဒါတွေကို သေသေချာချာ စီစစ်ပြီး ပေးဖို့ လိုပါလိမ့်မယ်။ ဥပမာ - အောက်ဆီဂျင်လိုတဲ့သူတွေကို အောက်ဆီဂျင်ပေးရပါတယ်။ Dexamethasone လိုတဲ့သူတွေကို Dexamethasone ပေးရပါတယ်။ သွေးရည်ကြည်လိုတဲ့ သူတွေကို သွေးရည်ကြည်၊ Remdesivir လိုဆေးတွေနဲ့ ပူးပေါင်းပြီး ကုသပေးရပါတယ်။

ကိုဗစ် - ၁၉ ကလည်း သွေးခဲစေတာတွေကို ဖြစ်စေနိုင်တဲ့အတွက်ကြောင့် အချို့လူနာတွေမှာဆိုရင် သွေးကျဲဆေးကို အချိန်နဲ့ ထည့်ကြရပါတယ်။ ဒါကြောင့် လိုတဲ့ဆေးတွေကို လိုတဲ့အချိန်မှာ ပေါင်းစပ်ပြီး ကုသနေရတာ ရှိပါတယ်။ မြန်မာပြည်မှာ Remdesivir ဆေးကို စက်တင်ဘာလ ၂၄ ရက်နေ့ကနေ စပြီးသုံးကြည့်ပါတယ်။ တောင်ဥက္ကလာပဆေးရုံမှာ ၄၅ ဦးခန့်ကို သုံးကြည့်ပြီး ဖြစ်ပါတယ်။ အဲဒီ ၄၅ ဦးကလည်း သုံးလို့ရမယ့် လူတွေပါ။ ၄၀ ဦးက သက်သာပျောက်ကင်းသွားပြီး တော်တော်များများက အိမ်ကို ပြန်လို့ရနေပါပြီ။

အဲဒီအထဲမှာ ဦးက ဆုံးပါးသွားပါတယ်။ သူတို့တွေသည် တစ်ဦးက အသက်ရှူစက်ပေါ်မှာ ရှိနေတဲ့သူ၊ တော်တော်နောက်ကျမှ သိရခြင်းဖြစ်ပါတယ်။ နောက်တစ်ဦးက ကျောက်ကပ်မကောင်းတဲ့အတွက်ကြောင့် ဆုံးပါးသွားရခြင်းဖြစ်ပါတယ်။ အဲဒါသည် Remdesivir ဆေးနဲ့ ပတ်သက်တဲ့ မေးခွန်းပါ။

နောက်မေးခွန်းတစ်ခုက ကိုဗစ်ရောဂါ ကူးစက်ခံရလို့ ဆေးရုံတက်ရောက်ကုသပြီး နောက်ပိုင်းမှာ  ဘယ်လိုရောဂါတွေ ခံစားရပါသေးသလဲ၊ ဆေးရုံက ဆင်းသွားပြီးသူတွေကို ဆရာဝန်တွေ အနေနဲ့ ကျန်းမာရေးအခြေအနေတွေ  မှတ်တမ်းယူထားပါသလား၊ ကျွန်တော်လည်း ကူးစက်ခံရပြီး ဆေးရုံတက်ရောက် ကုသခံရပါတယ်။ ဆေးရုံကဆင်းပြီး အခုအချိန်ထိ ချောင်းဆိုးနည်းနည်း ကျန်ပါသေးတယ်။ ဆေးရုံက ဆရာဝန်နဲ့ အကြံဉာဏ်တောင်းပြီး ဆေးတွေ သောက်ကြည့်တော့လည်း မထူးပါဘူး။ ရင်ဘတ်ထဲမှာ တစ်ခုခု လေးလံသလိုလည်း ခံစားနေရပါတယ်။ ကျွန်တော့် လက္ခဏာတွေက စိုးရိမ်ရပါသလားလို့ မေးခွန်းရှင်က မေးမြန်းထားပါတယ်။

ကိုဗစ်ရောဂါ ကူးစက်ပျောက်ကင်းသွားပြီးတဲ့အခါမှာ အချို့ဝေဒနာတွေကို ဆက်လက်ခံစားရသူတွေ ရှိကြပါတယ်။ ဒီလိုအခြေအနေတွေကို Post COVID Syndrome လို့ ကမ္ဘာပေါ်မှာ နာမည်တွေ တပ်ထားကြပါတယ်။ Long Covid, Long Haulers ခေါ်ကြတဲ့ တိုင်းပြည်တွေကလည်း ခေါ်ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး အထူးသဖြင့် ဉရောပနိုင်ငံတွေမှာ တယ်လီဖုန်းအင်တာဗျူးတွေ လုပ်ထားတွေရှိပါတယ်။

အီတလီတို့၊ ပြင်သစ်တို့ မှာပါ။ လနဲ့ အင်တာဗျူးလုပ်ထားတဲ့သူတွေ ရှိတယ်။ လနဲ့ လေ့လာထားတဲ့သူတွေ ရှိတယ်။ တစ်လမှာ ကောင်းသွားတဲ့သူတွေကို လေ့လာထားတာ တွေရှိပါတယ်။ အဲဒီ လူတွေလည်း ပြင်းထန်တဲ့ ICU ကို ဝင်ရတဲ့သူတွေအပြင် သိပ်မပြင်းထန် သူတွေကို လေ့လာထားတဲ့ အထဲမှာတော့ နုန်းနေတာသည် ၅၀ ကနေ ၆၀ ရာခိုင်နှုန်းအထိ ဆက်ရှိနေတာကို တွေ့ရပါတယ်။

မေးခွန်းရှင်မေးထားတဲ့ ဝေဒနာလိုမျိုးတွေကလည်း ဆက်လက်ခံစားနေရတာတွေကို တွေ့ရပါတယ်။ တချို့က ရင်ဘတ်နာကျင်တဲ့ Chest Pain တွေကို တွေ့ရပါတယ်။ တချို့ကလည်း Memory Lost မှတ်ဉာဏ်တွေ သိပ်မရှိတော့တာတွေလည်း တွေ့ရပါတယ်။ တချို့ကတော့ အိပ်တဲ့အခါ အိပ်မပျော်တဲ့ရောဂါတွေ ဆက်လက်ခံစားနေရတာတွေကို တွေ့ရပါတယ်။

ဒါပေမယ့် အများစုက သူတို့အလုပ်တွေကို ပြန်လုပ်နိုင်နေတယ်လို့လည်း ပြောထားပါတယ်။ ဒါတွေဟာ ဘာကြောင့်ဖြစ်တယ်၊ ဘယ်လောက်ကြာမယ်၊ ဘယ်လိုလူတွေမှာ ပိုဖြစ်တယ်လို့တော့ မပြောနိုင်သေးပါဘူး။ ကျွန်မတို့ ဆေးရုံတွေကနေ ဆေးရုံဆင်းပြီးတဲ့ လူနာတွေကို ရောဂါအခြေအနေ အပေါ်မူတည်ပြီး ကျွန်မတို့က Follow up လို့ခေါ်တဲ့ဆက်ပြီး ကြည့်ရှုတာတွေလည်း ရှိပါတယ်။

လူကိုယ်တိုင် ခေါ်ကြည့်တဲ့သူတွေရှိသလို တစ်ခါတစ်ရံမှာ တယ်လီဖုန်းတွေနဲ့ သူတို့ခံစားရတာ တွေကိုမေးပြီး ကျွန်မတို့က ဖြေရှင်းပေးတာတွေလည်း ရှိတဲ့အတွက်ကြောင့် လိုအပ်ရင်၊ လိုအပ်သလို လူကိုယ်တိုင်သော်လည်းကောင်း၊ တယ်လီဖုန်းအင်တာဗျူးနဲ့ သော်လည်းကောင်း ဆက်လက်ကြည့်ရှူနေကြောင်း ပြောကြားရင်းနဲ့ ဖြေကြာချက်ကို နိဂုံးချုပ်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်ရှင်။

ဒေါက်တာထင်လင်း။               ပြည်သူလူထုမေးမြန်းထားတဲ့ မေးခွန်းတွေထဲက တချို့အပိုင်းတွေကို ကျွန်တော်အနေနဲ့ ဆက်လက်ဖြေကြားပေးလိုပါတယ်။ ပထမဆုံးရွေးချယ်ထားတဲ့ မေးခွန်းက ကိုဗစ် - ၁၉ ကို မြန်မာနိုင်ငံမှာ ပျောက်ကင်းသွားဖို့အတွက် ကာကွယ်ဆေးရရှိအောင် လုပ်ဆောင်ဖို့က အရေးကြီးပါတယ်။ မှန်ကန်တဲ့ကာကွယ်ဆေးရရှိဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ မည်ကဲ့သို့ ဆောင်ရွက်နေတယ်ဆိုတာကို သိရှိလိုပါတယ်ဆိုတဲ့ အချက်ကို ဖြေကြားရမယ်ဆိုရင် ကမ္ဘာပေါ်မှာ နိုင်ငံအသီးသီးကနေ ကာကွယ်ဆေးရဖို့အတွက် ဆောင်ရွက်နေတာရှိပါတယ်။

သို့သော် သုံးစွဲနိုင်တဲ့အဆင့် မရောက်သေးပါဘူး။ စမ်းသပ်ချက်တွေအရ သိပ္ပံနည်းကျ ဆောင်ရွက်နေရာမှာ အခုအချိန်က လူကိုစမ်းသပ်နိုင်တဲ့ Third Stage တတိယအဆင့်ကို ရောက်နေပါပြီ။ ကျွန်တော်တို့ ဆောင်ရွက်ထားတဲ့ အနေအထားက အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံက ကာကွယ်ဆေးထုတ်လုပ်မှုနဲ့ အိန္ဒိယနိုင်ငံရဲ့ ကာကွယ်ဆေးထုတ်လုပ်မှုတွေက ဖိတ်ခေါ်ကမ်းလှမ်းမှုတွေရှိတဲ့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ ဆက်သွယ်ထားတွေ ရှိပါတယ်။

ဒါ့အပြင် မှန်ကန်ထိရောက်တဲ့ ကာကွယ်ဆေးရရှိဖို့ဆိုရင်တော့ အကျိုးကျေးဇူးများမယ့်၊ WHO ကလည်း အသိအမှတ်ပြုမယ့် သက်ဆိုင်ရာနိုင်ငံအသီးသီးမှာ ဒီ Vaccine ကို သုံးစွဲပြီး ရလဒ်ကောင်း တွေထွက်မယ့်ဟာကို ကျွန်တော်တို့ ရွေးချယ်ဆောင်ရွက်ဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စီစဉ်ထားပြီး ဖြစ်ပါတယ်။

ဒုတိယမေးခွန်းအနေနဲ့ ကိုဗစ် - ၁၉ ကူးစက်မှုမြန်နေတဲ့အချိန်မှာ နိုဝင်ဘာလ ရွေးကောက်ပွဲကျင်းပရာမှာ ပညာရေးဝန်ထမ်းတွေ၊ အရပ်သားဝန်ထမ်းတွေနဲ့ ပြည်သူတွေ စုဝေးတက်ရောက်ကြမှာဖြစ်ပြီး PPE ဝတ်စုံ မဝတ်ဆင်ဘဲနဲ့ အခြားနည်းလမ်းဖြစ်တဲ့ Mask တပ်ခြင်း၊ အရက်ပျံနဲ့ လက်ဆေးခြင်းတို့သည် အပြည့်အဝ ကာကွယ်မှုရှိတယ်လို့ ယုံကြည်ပါသလား ဖြေကြားပေးစေလိုပါတယ် ဆိုတာ ဖြစ်ပါတယ်။

ဒါကို ရှင်းပြရမယ်ဆိုရင် PPE ဝတ်စုံဆိုတာ Personal Protective Equipment ပါ။ အရပ်ထဲမှာ ဒီဝတ်စုံအဖြူကြီးတွေ တစ်ကိုယ်လုံး ခြေဆုံးခေါင်းဆုံးဝတ်ထားမှ PPE လို့ စွဲလန်းနေတာမျိုး အမှန်က မဟုတ်ပါဘူး။ အခုဆရာမဒေါ်မိုမိုးစန်း တပ်ထားတဲ့ Cap Mask ဒါတွေကလည်း PPE ပါ။ PPE မှာလည်း Level အသီးသီး ခွဲထားပါတယ်။ ဘယ်လိုအချိန်မှာ ဘယ်လို level နဲ့ လျော်ညီအောင် ဝတ်ဆင်ရမလဲဆိုတာ ပြဋ္ဌာန်းထားတဲ့ စည်းကမ်းချက်တွေ ရှိပါတယ်။

အကြမ်းဖျင်းအားဖြင့်ဆိုရင်တော့ Level 1 2 3 ဆိုပြီး ခွဲခြားထားပါတယ်။ သာမန်အားဖြင့် ပြည်သူတွေကြားထဲမှာ နေထိုင်သွားလာပြောဆိုနေတဲ့အချိန်မှာ Level 1 Mask တပ်ခြင်းသည် အတော်ထိရောက်တဲ့ ကာကွယ်နည်းဖြစ်တဲ့အတွက် လူတိုင်း Mask တပ်ဖို့ နောက်ပြီး ထိမိ၊ ကိုင်မိ ရင် အရက်ပျံနဲ့ ဆပ်ပြာနဲ့ လက်ဆေးတယ်။ ဒါတွေကလည်း Personal Protective Method ထဲမှာ ပါဝင်ပါတယ်။ ကျွန်တော်တို့ ဆောင်ရွက်ဖို့ လိုပါတယ်။

နောက်ပြီး Positive / Negative မသဲကွဲသေးတဲ့ အနေအထားပါ။ ဉပမာ - အခုရွေးကောက်ပွဲ အတွက်ဆိုရင် Quarantine Site တွေမှာဆိုရင် Level 2 ဝတ်ဆင်ပြီး မဲရုံဝန်ထမ်းတွေ၊ Volunteer တွေ ဆောင်ရွက်ဖို့ စီစဉ်ဖြည့်တင်းထားပြီး ဖြစ်ပါတယ်။

နောက်ပြီး Positive တွေကို ရခိုင်နဲ့ ရန်ကုန်မှာ Camp တွေနဲ့ သပ်သပ်ထားပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတာတွေ ရှိပါတယ်။ အဲဒီလို Positive တွေထားတဲ့နေရာမှာ မဲထည့်ဖို့ဆိုရင်လည်း ကျွန်တော်တို့က Level 3 ဝတ်ဆင်နိုင်ဖို့ စီစဉ်ဖြည့်တင်းထားပြီး ဖြစ်ပါတယ်။

ဒါ့ကြောင့် Mask တပ်တယ်၊ အရက်ပျံသုံးတယ်ဆိုတာက အခြားနည်းလမ်း မဟုတ်ပါဘူး။ Personal Protective Equipment ထဲမှာ ပါဝင်တဲ့ Level အလိုက် နည်းလမ်းတွေဖြစ်ပါတယ်။ ပြည်သူလူထုကြားမှာ International Standard အရ Level 1 တပ်ဆင်တာသည် မှန်ကန်တဲ့နည်းလမ်း ဖြစ်ပါတယ်။

ဒုတိယအနေနဲ့ ကုသရေး၊ ရောဂါနှိမ်နင်းရေးမှာ ဒီပစ္စည်းတွေ လုံလောက်မှု ရှိပါသလား၊ ဘယ်လို ဆောင်ရွက်နေပါသလဲဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကာကွယ်ရေး၊ ကုသရေး၊ ထိန်းချုပ်ရေး လုပ်ငန်းတွေမှာ လိုအပ်တဲ့ Equipment တွေကို မပြတ်အောင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် စဉ်ဆက်မပြတ် လက်ကျန်ရှိနေတာကို စီစစ်ပြီး ပစ္စည်းပြတ်လပ်သွားခြင်း မရှိအောင် ဝယ်ယူရေးလုပ်ငန်းစဉ်ကို တစ်ဖက်က ဆောင်ရွက်နေပါတယ်။

တစ်ဖက်ကလည်း အလျင်အမြန်တိုးပွားလာတဲ့ ဒီစင်တာတွေမှာ ဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ Volunteer တွေ သုံးစွဲနိုင်ဖို့ ဖြန့်ဖြူးပေးလျက်ရှိပါတယ်။ နောက်ပြီး နိုင်ငံအသီးသီးက လူသားချင်းစာနာထောက်ထားမှုအရ ကမ်းလှမ်းတဲ့ လှူဒါန်းမှုတွေလည်း ရှိပါတယ်။

ဒါနဲ့ဆက်စပ်ပြီး မေးထားတဲ့ မေးခွန်းက လိုအပ်ချက်ရှိတာတွေကို ပြည်သူလူထုက ဘယ်လိုသိရှိပြီး ပါဝင်ပေးရမလဲ၊ လှူရင်ရော ဘယ်လိုလှူရမလဲ ဖြစ်ပါတယ်။ ပြည်သူတစ်ယောက်အနေနဲ့ ပါဝင်မယ်ဆိုရင် ဒီလိုကပ်ရောဂါအချိန်မှာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း အပြင်ထွက်ရင် Mask တပ်တာ၊ လက်ကို ခဏခဏ ဆေးတာတွေ အရင်လုပ်ရပါမယ်။

ပြီးရင် ကိုယ့်မိသားစု၊ ကိုယ့် Community အတွက် လိုအပ်ချက်တွေ အရင်ဖြည့််ဆည်းပေးရပါမယ်။ ပြီးရင်လိုအပ်ချက်ရှိနေတဲ့ ပြည်သူလူထုကို ပံ့ပိုးပေးချင်တယ်ဆိုရင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သို့မဟုတ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီကို လှူဒါန်းလို့ရပါတယ်။ ဒါကိုလည်း ပြည်သူလူထုကို အသိပေးထားပြီး ဖြစ်ပါတယ်။ လိုအပ်တဲ့နေရာတွေမှာ ကျွန်တော်တို့ ပေးဝေပြီးသုံးစွဲနေတာ ဖြစ်ပါတယ်။

နာရီခန့်အထိ လူအများသွားလာခဲ့တဲ့ လမ်းမပေါ်မှာ နံနက်စောစော လူအများ မသွားလာမီ နှာခေါင်းစည်းတပ်ပြီး နာရီဝက်ခန့် ကျန်းမာရေးအတွက် လမ်းလျှောက်မယ်ဆိုရင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု အန္တရာယ်ရှိနိုင်ပါသလား ဆိုတာကို တစ်နည်းအားဖြင့်ပြောရရင် ကိုဗစ်က လေထုထဲမှာ အတိုင်းအတာ တစ်ခုအထိနေနိုင်တယ် ဆိုသော်လည်း ဒီလိုနံနက်စောစော နှာခေါင်းစည်းတပ်ပြီး နာရီဝက်ခန့် ကျန်းမာရေးဆောင်ရွက်ဖို့အတွက် ကူးနိုင်စရာ မရှိသလောက်နည်းပါးတယ်လို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လေထဲမှာ သီးခြားအသက်ရှင် နေထိုင်နိုင်ခြင်း မရှိပါဘူး။

နောက်ပြီး နေအိမ်ပြင်ကိုစီးတဲ့ ဖိနပ်တွေမှာ ကိုဗစ်ဗိုင်းရပ်စ် ကပ်ပါနိုင်ပြီး ၎င်းကတစ်ဆင့် ကူးစက်နိုင်ချေရှိပါသလားတဲ့ ကူးစက်နိုင်တဲ့နည်းလမ်းတွေကို အစအဆုံးရွတ်ရင် ဒီနည်းလမ်းကလည်း ပိုးပါလာနိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ သို့သော် ဒီနည်းလမ်းကနေ ကျယ်ကျယ် ပြန့်ပြန့် ကူးနေတာတော့ မတွေ့ရပါဘူး။

သို့သော် ကိုယ့်အိမ်ကို ဝင်မယ်၊ ကိုယ့်မိသားစုထဲမှာ အကာအကွယ်တွေကိုဖြုတ်ပြီး နေထိုင်ပြောဆိုဆက်ဆံမယ်ဆိုရင် အပြင်က ပိုးကပ်ပါလာနိုင်တဲ့ အဝတ်အစားတွေ၊ ဖိနပ်တွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပေးထားတဲ့ နည်းလမ်းတွေနဲ့ ပိုးသန့်စင်တာက ကောင်းမွန်တဲ့ လုပ်ရပ်၊ ပြည့်စုံတဲ့ လုပ်ရပ်ကို ဖြစ်စေတဲ့အတွက် ဆောင်ရွက်မယ်ဆိုရင် ကောင်းပါတယ်။

နောက်တစ်ခုက ဝန်ထမ်းတွေ အလုပ်လုပ်နေတဲ့ ရုံးခန်း၊ အလုပ်ခန်းတွေမှာ ပြတင်းပေါက်ဖွင့်ထားပြီး Stand Fan တို့ Ceiling Fan တို့ တပ်ဆင်အသုံးပြုခြင်းသည် ကိုဗစ်ရောဂါ ကူးစက်မှုအပေါ် မည်သို့အကျိုးသက်ရောက်မှု ရှိပါသလဲ ဖြစ်ပါတယ်။  ပြတင်းပေါက် ဖွင့်ထားတယ်ဆိုရင် Open Space ဖြစ်ပါတယ်။ အခုလက်ရှိ ဒီရောဂါဖြစ်ပွားတာလည်း / ရှိသွားပြီဆိုတော့ ဒီရောဂါပိုးနဲ့ ပတ်သက်လို့ သုတေသနပြုထားတွေအရ အလုံပိတ်အခန် Closed Type နဲ့ Open Space တွေမှာ ကူးစက်မှုနှုန်းတွေကို ယှဉ်လိုက်တဲ့အခါ Open Space တွေမှာ ကူးစက်မှုနှုန်း အလွန်နည်းပါတယ်။

ဒါလည်း ဒီဗိုင်းရပ်စ်ပိုးက လေထဲမှာ ပျံ့နှံသွားသော်လည်း Diluted ဖြစ်သွားတယ်။ ကျွန်တော်တို့အခေါ်က Infective Dose အဖြစ် အခြားသူဆီကို မရောက်ဘူးဆိုတာ တွေ့ရတဲ့အတွက် ရုံးခန်းတွေမှာ အဲယားကွန်းတွေမဖွင့်ဘဲ ပြတင်းပေါက်တွေဖွင့်နေဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ အကြံပြုချက်ထဲမှာ ပါဝင်တာကိုတွေ့ရမှာ ဖြစ်ပါတယ်။

နောက်ပြီး PPE ဝတ်စုံတွေဈေးကြီးတဲ့အတွက် အသုံးပြုပြီး ဝတ်စုံတွေကို တစ်နေရာတည်းမှာ စုပြီး အပူချိန်မြင့်တဲ့ပေါင်းအိုးကြီးတွေနဲ့ မစုတ်မပြဲအောင် ပြုတ်ပြီး အပူပေးမယ်။ Dryer တွေနဲ့ အခြောက်ခံမယ်။ အဲဒါတွေကို စောင့်ကြည့်လူနာအဆင့်လောက်မှာ ပြန်ပြီးသုံးရင် အဆင်ပြေ / မပြေ ဆိုပြီး ပြောပါတယ်။

PPE ဝတ်စုံတွေက အထူးရည်ရွယ်ချက်နဲ့ ဆောင်ရွက်ထားတာဖြစ်ပါတယ်။ Non-woven လို့ ခေါ်တဲ့ အသားနဲ့ ဆောင်ရွက်ထားတာဖြစ်ပြီး Liquid Resistance ရအောင် ဖန်တီးထားတဲ့ Level တွေရှိပါတယ်။ Standard တွေ ရှိပါတယ်။ PPE ဝတ်စုံတွေက ဆပ်ပြာနဲ့ ပြန်ပြီး သန့်စင်လို့ မရပါဘူး။

အထူးသဖြင့် ရေနဲ့ထိမယ်ဆိုရင် သူရဲ့ စွမ်းဆောင်နိုင်အားက ထိခိုက်ပျက်စီးသွားပါတယ်။ ဒါကြောင့် ဒီလိုပြန်ပြီးသုံးဖို့က WHO ကရော၊ International Standard မှာရော ရေနဲ့ပြန်လည် သန့်စင်သုံးစွဲဖို့ကို Recommend ဘယ်နေရာမှ မလုပ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပိုးကာကွယ်နိုင်စွမ်း ကျဆင်းသွားတဲ့အတွက် Safe မဖြစ်တော့လို့ပါ။

နောက်ပြီး အချိန်လေးနည်းနည်းရှိတဲ့အတွက် ကျွန်တော်ထပ်ပြီး ဖြေရမယ်ဆိုရင် လူတစ်ယောက်က Positive ဖြစ်တဲ့လူနဲ့ Mask တပ်ပြီး စကားပြောပါတယ်။ ပြီးရင်ပြန်လာပြီး အခြားသူ တစ်ယောက်နဲ့ စကားပြောပါတယ်။ အဲဒါဆိုရင် နောက်ဆုံးစကား ပြောခံရတဲ့သူကို ရောဂါပိုးကူးစက်သွားနိုင်ပါသလား၊ စိတ်ပူလို့မေးတာပါဆိုပြီး မေးထားပါတယ်။

ရောဂါပိုးမှာ ရောဂါပျိုးချိန်ရှိပါတယ်။ လူနဲ့အတူ ကပ်ငြိပြီး ပါလာတာက လက်ခဏခဏ ဆေးခိုင်းတယ်၊ လက်မဆေးရသေးဘဲနဲ့ တစ်ယောက်နဲ့ တစ်ယောက် ထိတွေ့ဆက်ဆံမိရင်တော့ ရောဂါပိုးက အခြားသူဆီကို ရောက်သွားနိုင်ပါတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ Mask လည်းပါတယ်။ ခဏစကားပြောခဲ့တယ်။ ပြီးရင် ဒီဖက်မှာ နောက်တစ်ယောက်နဲ့ ပြောရုံနဲ့တော့ သူကနေတစ်ဆင့် လေထဲက ရောဂါပိုးမကူးနိုင်သေးပါဘူး။ သူက ရောဂါပိုးကို မထုတ်လုပ်သေးလို့ ဖြစ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။