၂၉ အောက်တိုဘာ

 

ပြင်သစ်သမ္မတ အီမန်နျူရယ် မာခ်ရွန် က ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ရပ်တန့်သွားအောင် အသွားအလာ ကန့်သတ်မှု (lockdown) စည်းမျည်းသစ်တွေ ချမှတ်ကြောင်းနဲ့ အဲဒီစည်းမျဉ်းသစ်တွေဟာ ကြာသပတေးနေ့ သန်းခေါင်ယံမှ  ဒီဇင်ဘာ ၁ ရက်နေ့အထိဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။

 

အသွားအလာကန့်သတ်မှုအောက်မှာ ဘားတွေ၊ စားသောက်ဆိုင်တွေနဲ့ အရေးမကြီးတဲ့ လုပ်ငန်းတွေအားလုံး ပိတ်ထားရမှာဖြစ်ပါတယ်။  ပြီးခဲ့တဲ့နွေဦးက ပြဋ္ဌာန်းခဲ့တဲ့ နှစ်လတာ အသွားအလာကန့်သတ်မှု (lockdown) နဲ့ မတူဘဲ ကျောင်းတွေကို ဆက်လက်ဖွင့်ထားခြင်း၊ စက်ရုံတွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို  ဆက်လက်လည်ပတ်ခွင့်ပြုခြင်းနဲ့ တချို့သော အများသုံးယာဉ်တွေကိုလည်း သွားလာခွင့်ပြုထားမယ်လို့ သမ္မတ က ပြောကြားပါတယ်။

 

mdn

 

ပြီးခဲ့နွေဦးက အသွားအလာ ကန့်သတ်ခဲ့သလိုမျိုး အရေးကြီးတဲ့လုပ်ငန်းတွေမှာ လုပ်သားတွေ အလုပ်သွားခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှုရယူရန် သွားလာခွင့်၊ အရေးကြီးတဲ့ပစ္စည်းတွေ သွားရောက်ဝယ်ယူခွင့်၊ ဆွေမျိုးသားခြင်းတွေကို ကူညီရန်သွားလာခွင့်နဲ့ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားခွင့်တွေ ပြုထားကြောင်း သမ္မတက ဆက်ပြောပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာသူတွေအား ဒဏ်ကြေးပေးဆောင်ရမယ်လို့  ဆိုပါတယ်။

 

သမ္မတ က ဗိုင်းရပ်စ်ပိုး ထိန်းချုပ်မှုကို သီတင်းနှစ်ပတ် စောင့်ကြည့်သွားပြီး အခြေအနေတိုးတက်မှုရှိရင် စည်းမျဉ်းတွေကို ပြန်လည်သုံးသပ်မယ်လို့ ဆိုပါတယ်။

 

ခရစ္စမတ်အချိန်အခါနဲ့ နှစ်သစ်ကူးချိန်မှာ မိသားစုတွေ တစ်စုတစ်ဝေးတည်း ရှိနေနိုင်ဖို့ မျှော်လင့်ကြောင်း သမ္မတ ပြောပါတယ်။

 

mdn

 

ပြင်သစ်နိုင်ငံဟာလည်း တခြားဉရောပနိုင်ငံများကဲသို့ ဆေးရုံတွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာတွေနဲ့ မကြာခင် ပြည့်သွားနိုင်တယ်လို့ ခန့်မှန်းချက်တွေရှိနေပါတယ်။

 

ပြင်သစ်နိုင်ငံ အရေးပေါ်ကုသဆောင်မှာ ကုတင် ၅,၈၀၀ သာ ရှိရာ အခုချိန်မှာ ၁၀,၀၀၀ အထိ တိုးချဲ့ထားကြောင်း၊ လက်ရှိအချိန်မှာ အရေးပေါ်ကုသပေးနေရသူ ၃,၀၀၀ ရှိပြီး နိုဝင်ဘာမှာ ၉,၀၀၀ နီးပါးအထိ ရောက်လာနိုင်ကြောင်း ရှင်းလင်းပြောကြားထားပါတယ်။

 

MDN

ကိုးကား - AFP