တောင်ကုတ်    ၂၉  အောက်တိုဘာ 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ ပေးခြင်းများကို ရခိုင်ပြည်နယ် တောင်ကုတ်မြို့ပေါ်ရပ်ကွက်များရှိ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ကော်မတီဝင်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများဖြင့် ယနေ့နံနက်ပိုင်းက စတင်၍ ကောက်ခံလျက်ကြောင်း သိရသည်။

 

အဆိုပါ ကြိုတင်ဆန္ဒမဲပေးခြင်းကို အသက်(၆၀)နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် အဘိုးအဘွားများအား ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ မှ စီစဉ်ဆောင်ရွက်မှုဖြင့် မဲရုံမှူး ဒုမဲရုံမှူးမဲစာရင်းစစ် ဆေးသူ ဆရာ ဆရာမများ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီးအသီးသီးမှ အကူ ကိုယ်စားလှယ်များလိုက်ပါ၍ တစ်အိမ်တက်ဆင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ မဲဆန္ဒရှင်ပြည်သူများအား ပါးစပ်၊ နှာခေါင်းစည်းများ တပ်ဆင်လာစေခြင်းဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

တောင်ကုတ်မြိုပေါ်ရပ်ကွက်များအတွင်း အသက်(၆၀)နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ချောင်းကောက်ရပ်ကွက်(၈၃၂)ဦး၊ ဂူတာရပ်ကွက် (၉၃၅)ဦး၊ သိမ်တောင်ရပ်ကွက်(၈၁၉)ဦး၊ ကံပိုင်ရပ် (၁၀၂၉)ဦး မြို့ပေါ်ရပ်ကွက်များ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း(၃၆၁၅)ဦးရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)