ဒီးမော့ဆို ၂၉ အောက်တိုဘာ
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ကြိုတင်ဆန္ဒမဲ ပေးပိုင်းခွင့်ရှိသူများ အောက်တိုဘာ ၂၉ ရက် နံနက် ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ စတင် ပေးအပ်လျက်ရှိကြောင်း သိရသည်။
ကြိုတင်ဆန္ဒမဲပေးရာတွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ တာဝန်ထမ်းဆောင်မည့်သူများအပြင် အသက်(၆၀) နှစ်အထက် မဲဆန္ဒရှင် သက်ကြီးရွယ်အိုများက စတင် ပေးအပ်လျက်ရှိပြီး ဒီးမော့ဆိုမြို့နယ်တွင် ဆန္ဒမဲပေးပိုင်းခွင့်ရှိသူ မဲဆန္ဒရှင် (၅၆၆၇၄) ဦးရှိကာ အသက်(၆၀) နှစ်အထက် မဲဆန္ဒရှင် သက်ကြီးရွယ်အို (၅၇၇၀) ပါဝင်ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)


