ကျောက်ပန်းတောင်း  ၂၉   အောက်တိုဘာ

           

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးပိုစတာများနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ အသိပညာပေးပိုစတာများကို၊ အောက်တိုဘာ ၂၉ ရက်နေ့ နံနက် ၈ နာရီခွဲက အဆိုပါရုံးရှေ့ မြေစိုက်ဘုတ်အနီးတွင် ပြသထားရှိရာ ပြည်သူများ စိတ်ဝင် စားစွာလာရောက်ကြည့်ရှု လေ့လာကြကြောင်း သိရသည်။

           

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သိသင့် သိထိုက်သည့် အချက်အလက်များ၊ မြေစိုက်ဘုတ်တွင်ပြသထားသည့် သတင်းအချက်အလက်ဆိုင်ရာ သိကောင်းစရာများနှင့်နှင့် ကိုဗစ်-၁၉ ကူးစက် ရောဂါ ကာကွယ်ရေးဆိုင်ရာ လုပ်ဆောင်ရမည့်အချက်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ ထုတ်ပြန်ထားသည့် ပြည်သူများ လိုက်နာရမည့်အချက်များနှင့် ရှောင်ကြဉ်ရမည့် အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလေ့လာနိုင်စေရန် ကြော်ညာဘုတ်များဖြင့်ကပ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာနရုံးရှေ့တွင်ပြသထားရာ ပြည်သူများလာရောက်ကြည့်ရှု လေ့လာကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်မြင့်ကေခိုင်က လိုက်လံရှင်းလင်းပြသပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါပညာပေးလုပ်ငန်းကို ရုံးဖွင့်ရက်များတွင် အထွေထွေရွေးကောက်ပွဲ ကာလအထိ ပြသပေးသွားမည်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲပြီးသွားပါကလည်း ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါ်မြင့်ကေခိုင်က ပြောသည်။

 

နေအောင်(ပြန်/ဆက်)