ကလေး ၂၉ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်လျက် ရှိသော ကလေးမြို့နယ် နတ်ကြီးကုန်း(ပျဉ်း)ကျေးရွာနှင့် အင်းစိန်ကျေးရွာ၊ ကလေးဝမြို့နယ် တုန်နန်း ကျေးရွာတို့အား မြစိမ်းရောင် (ငါးကဏ္ဍ) အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဆဌမအကြိမ် ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး မြစိမ်းရောင်(ငါးကဏ္ဍ) အဖွဲ့ဝင်များအား အရင်းမပျောက် လည်ပတ်ရန်ပုံငွေအသုံးပြုရာတွင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အကျိုးရှိစွာ အသုံးပြုနိုင်ရေးတို့အား မှာကြားပြီး ကျေးရွာ(၃)ရွာမှ အဖွဲ့ဝင် လူဦးရေ(၂၁၁)ဦး အတွက် ရန်ပုံငွေသိန်း(၁၅၁၄)ကျပ်ကို မြစိမ်းရောင် ရန်ပုံငွေကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌထံ ပြန်လည်ထုတ်ချေးပေးခဲ့သည်။
ထို့နောက် ကလေးဝမြို့နယ် ချင်းတွင်းမြစ်ကြောင်းရှိ တုန်နန်းကျေးရွာတွင် ငါးစား သုံးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူး၊ ငါးအာဟာရတန်ဖိုးအကြောင်းနှင့် ငါးစားသုံးခြင်းဖြင့် ကျန်းမာရေး(အထူးသဖြင့်ကိုယ်ခံအား ကောင်းမွန်ရေး)ရှင်းပြပြီး COVID- 19 ကာကွယ်ရေး ငါးရိက္ခာများ စားသုံးပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေခဲ့ကြောင်း သိရသည်။
MDN


