နန်းယွန်း  ၂၉  အောက်တိုဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ကျပ် ၁၃၆၂ ဒသမ ၄၈၆ သန်းဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများ ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးပြီဖြစ်ပါကြောင်း နန်းယွန်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး လက်ထောက်ညွန်ကြားရေးမှူး  ဦးဘိုဘိုကျော် ထံမှ သိရသည်။

 

အဆိုပါ လုပ်ငန်းများမှာ မြေလမ်း(၁၇/၀)မိုင်၊ လမ်းတာချဲ့ခြင်း(၄/၀)မိုင်၊ ကျောက်လမ်းပြုပြင်ခြင်း (၄) နေရာ၊ Box Culvert (၃၂) စင်း ၊ ခြံစည်းရိုးကာရံခြင်း (၁၅၅ x ၆ ) ပေ၊ မြေထိန်းနံရံတည်ဆောက် ခြင်းစသည့် လမ်း/တံတား လုပ်ငန်းများ၊ အဆောက်အဦးအလုပ်ငန်းများအား ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးခဲ့ပါသဖြင့် ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှုရေးနှင့် လမ်းပန်းဆက်သွယ်ရေးများအား ယခင်ကထက်များစွာ ပိုမိုကောင်းမွန်လာပြီး ဒေသခံများအား များစွာအကျိုးပြုလာနိုင်မည် ဖြစ်ပါကြောင်း သိရသည်။

မွှေးကြူဇင်