ကျောက်တံခါး ၂၉ အောက်တိုဘာ
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀)နှစ် နှင့်အထက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့ နံနက် ၈ နာရီမှစတင်၍ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများ၏ ဆန္ဒမဲလက်မှတ်များ ပယ်မဲမဖြစ်စေရေးအတွက် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပညာပေးပိုစတာများ ကပ်ပေးထားပြီး အသက်(၆၀)နှင့်အထက် ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်နေ့အထိပေးနိုင်ပြီး နိုင်ငံ့တာဝန်ဖြင့် မဲဆန္ဒနယ်ကျော်၍ တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများ၊ ရွေးကောက်ပွဲနေ့တွင် တာဝန်ကျသူများ၊ ဆေးရုံတက်နေသူများ၊ ရဲစခန်းတွင် အချုပ်ကျနေသူများ၊ စောင့်ကြည့်စခန်းများမှသူများသည် နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ကြိုတင်မဲပေးရမည်ဖြစ်ကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်တွင် ရပ်ကွက်(၁၈)ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း (၄၆)အုပ်စု၊ မဲရုံပေါင်း (၂၁၁)ရုံရှိ၍ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၂၀၂၄၀၈ ဦးရှိပြီး အသက်(၆၀)နှစ်အထက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၂၄၀၀၀ ကျော်ရှိကြောင်း သိရသည်။
ခင်ကို(ကျောက်တံခါး)


