ရှမ်းရွာသစ်   ၃၀  အောက်တိုဘာ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀)နှင့်အထက် သက်ကြီးရွယ်အိုများနှင့် မဲရုံတွင်တာဝန် ထမ်းဆောင်ကြမည့်  ဝန်ထမ်းများမှ ကြိုတင်ဆန္ဒမဲထည့်ခြင်းကို ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် စတင် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

ကြိုတင်ဆန္ဒမဲပေးရာတွင် အောက်တိုဘာ ၂၉  ရက်နေ့မှ နိုဝင်ဘာ ၅ ရက်နေ့အထိ ၈ ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး မဲရုံသို့မလာရောက်နိုင်သော သက်ကြီးရွယ်အိုများအား ကြိုတင်မဲ ထည့်နိုင်ရေး အတွက် မဲရုံမှူးများမှ အိမ်တိုင်ရာရောက် ကောက်ခံပေးသွားမည်ဖြစ်ပြီး ကြိုတင်မဲ လာရောက် ထည့်သော ပြည်သူများအား မဲရုံတာဝန်ရှိသူများမှ စနစ်တကျမဲထည့်နိုင်ရန်နှင့် မိမိထည့်လိုသော ပါတီအား အမှတ်အသားပြုလုပ်ရာတွင် အမှားအယွင်းမရှိစေရန် စနစ်တကျ စီမံဆောင်ရွက်ထားပြီး ကြိုတင် ဆန္ဒမဲပုံးများအား လုံခြုံရေးကြိုးဖြင့် ချိပ်ပိတ်ခြင်း၊ ကြိုတင်မဲ လက်မှတ်များအား စနစ်တကျ ထည့်သွင်းခြင်းတို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲ စတင်ထည့်သွင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)