လဟယ် ၃၀ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်တွင် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်၍ မြစိမ်းရောင် ကျေးရွာစီမံကိန်း မတည်ရန်ပုံငွေ ပြန်လည်ထုတ်ချေးခြင်းကို ကူးကူးနောက်ကုန်းကျေးရွာတွင် အိမ်တိုင်ရာရောက်စနစ်ဖြင့် လုပ်ငန်း(၃)မျိုးအတွက် ထုတ်ချေးပေးခဲ့ပါကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းဝင်းဝင်းထွန်း ထံမှ သိရသည်။
အဆိုပါ မြစိမ်းရောင်စီမံကိန်းချေးငွေ ထုတ်ချေးရာတွင် စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ရန် တောင်သူ (၁၄)ဦး၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်သူ (၂၄) ဦး၊ အရောင်းအဝယ်လုပ်ငန်းဆောင်ရွက်ရန် နှစ်ဦး၊ စုစုပေါင်း အသင်းဝင် (၄၀) ဦးတို့အား ငွေတစ်ရာကျပ်လျှင် အတိုးနှုန်း ပြား(၅၀) ဖြင့် ချေးငွေ သိန်း (၃၀၀) အား ကိုဗစ် - ၁၉ ကာလ ကျန်းမာရေး လမ်းညွှန်ချက်နှင့်အညီ ချေးယူသူလက်ဝယ်အရောက် ပြန်လည်ထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။
မွှေးကြူဇင်


