ကျွန်းစု ၃၀ အောက်တိုဘာ
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီးအတွက် ကျွန်းစုမြို့နယ် အတွင်းရှိ ကြိုတင်မဲပေးပိုင်ခွင့်ရှိသူများ အနေဖြင့် အောက်တိုဘာ ၂၉ ရက်နေ့က ၁၇၆၀ ဦး လာရောက်မဲပေးခဲ့ပြီး ယနေ့နံနက်ပိုင်းတွင်လည်း ရပ်ကွက်/ ကျေးရွာများရှိ မဲရုံအသီးသီး၌ ဆက်လက် မဲပေးလျက်ရှိကြောင်း သိရသည်။
ကြိုတင်မဲပေးပိုင်ခွင့်ရှိသော ပြည်သူများအနေဖြင့် လာရောက်မဲပေးရာတွင် ကိုဗစ်-၁၉ ကာလအတွင်း၌ ရောဂါကူးစက်မှု မရှိစေရေး၊ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်းကြားချက်များအတိုင်း စီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ကြိုတင်မဲပေးပိုင်ခွင့်ရှိသူများ မဲရုံသို့လာရောက်ရန် အခက်အခဲရှိပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအလိုက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက နေအိမ်၌ မဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းပေးပို့သူ - မင်းကျော်စော (ပြန်/ဆက်)


