ရန်ကုန် ၃၁ အောက်တိုဘာ
နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ၊ မဲရုံတာဝန်ကျဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ဖြန့်ဝေပေးမည့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ အောက်တိုဘာ ၂၁ ရက်နေ့ကစတင်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာခဲ့ပြီး အောက်တိုဘာ ၃၁ ရက်နေ့၌လည်း PPE ဝတ်စုံများ၊ Face Mask များ အပါအဝင် အခြားသော COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ရောက်ရှိခဲ့သည်။
ဆက်လက်ပြီး နိုဝင်ဘာ ၁ ရက် မှ နိုဝင်ဘာ ၃ ရက်နေ့အထိ အထူးလေယာဉ်များဖြင့် ထပ်မံရောက်ရှိလာမည် ဖြစ်ကြောင်း သတင်းရရှိသည်။
#MRTV


