လှိုင်းဘွဲ ၃၁ အောက်တိုဘာ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ထီလုံကျေးရွာအုပ်စု စစ်မှုထမ်းဟောင်း ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း သင့်မြတ်ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၊ ကောင်းမြတ် ရောင်းဝယ်ရေးနှင့် အထွေထွေစီးပွားရေး လုပ်ငန်းသမဝါယမ အသင်းများ စားဝတ်နေရေး အဆင်ပြေ စေရန်အတွက် ဆန်များ ထောက်ပံ့ခြင်းကို ယမန်နေ့က စစ်မှုထမ်းဟောင်းကျေးရွာ ဓမ္မာရုံ၌ ဆောက်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန်များထောက်ပံ့ရာတွင် သင့်မြတ်ငွေစုငွေချေးသမဝါယမ အသင်းလီမိတက် အသင်း ဥက္ကဋ္ဌ ဦးလှဝင်း၊ ကောင်းမြတ်ရောင်းဝယ်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမ အသင်း ဥက္ကဋ္ဌ ဦးတင်ထွန်းနှင့် သက်ဆိုင်ရာ အမှုဆောင်များက သမဝါယမအသင်းသားအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေရန်အတွက် အသင်းသားတစ်ဦးလျှင် ဆန်(၄)ပြည်နှုန်းဖြင့် အသင်းသား(၂၂၁)ဦးထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)


