လှိုင်းဘွဲ ၃၁ အောက်တိုဘာ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် အခြားဌာနဆိုင်ရာများ ပူးပေါင်း၍ ဘုန်းကြီးကျောင်း (၁၃)ကျောင်းအတွက် ဆွမ်းဆန်နှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါ လှူဒါန်းရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းနှင့် ဝန်ထမ်းများ၊ အခြားဌာနဆိုင်ရာ တာဝန်ရှိသူများက ကိုဗစ်-၁၉ ကာလအတွင်း ဘုန်းတော်ကြီး ကျောင်းများအနေဖြင့် အခက်အခဲမရှိစေရန်အတွက် ဘုန်းတော်ကြီးကျောင်း (၁၃)ကျောင်းကို ဆန်(၄၈)အိတ်၊ ဆီ (၆၅)ပိဿာ၊ ကြက်သွန်နီ (၁၀၅)ပိဿာနှင့် အာလူး (၁၀၅)ပိဿာ တို့ကို သွားရောက်လှူဒါန်း ပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)


