နေပြည်တော် ၃၁  အောက်တိုဘာ 
 
မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ရောဂါပြန့်ပွားမှုအား ကာကွယ်၊ ထိန်းချုပ်၊ ကုသရာတွင် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်လျက် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းတွင် အခြေချ နေထိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံသားဟောင်းများနှင့် မြန်မာအသိုက်အဝန်း မိသားစုများက N95 Face Mask  ၇,၃၀၀၊ Surgical နှင့် Disposable Face Mask  ၈၄,၀၀၀ ၊ Face Shield  ၉,၁၀၀ နှင့် Disposable CPE Gown  ၅၄၀ အပါအဝင် အခြားကျန်းမာရေး အထောက်အကူပြု ပစ္စည်းများကို လှူဒါန်းခဲ့ကြသည်။
 
အဆိုပါ မြန်မာအသိုက်အဝန်း မိသားစုများမှ လှူဒါန်းခဲ့ကြသည့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများကို လော့စ်အိန်ဂျယ်လိစ်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်က လက်ခံရယူခဲ့ပြီး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏ အစီအစဉ်ဖြင့် အောက်တိုဘာ ၂၅ ရက်တွင် ကာတာလေကြောင်းဖြင့် ပို့ဆောင်ခဲ့ရာ အောက်တိုဘာ ၃၀ ရက်တွင် မြန်မာနိုင်ငံသို့ ချောမွေ့စွာရောက်ရှိသည်။ အဆိုပါ လှူဒါန်းပစ္စည်းများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်   နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများက လွှဲပြောင်းလက်ခံရယူခဲ့ကြောင်း သိရှိရသည်။ 

သတင်းစဉ်