နယူးဒေလီ ၁ နိုဝင်ဘာ
အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၈၂၆၈ ဦး တွေ့ရှိခဲ့ခြင်းနှင့်အတူ လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၈၁၃၇၁၁၉ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် နောက်ဆုံးအချက်အလက်များအရ သိရသည်။
ထို့အတူ တစ်ရက်တာအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် ၅၅၁ ဦး ထပ်မံသေဆုံးခဲ့ရာ အိန္ဒိယ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၁၂၁၆၄၁ ဦးရှိလာခဲ့သည်။
သို့သော် အိန္ဒိယအစိုးရသည် နိုင်ငံတစ်ဝန်းရှိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၄၃၂၈၂၉ ဦးကို အောင်မြင်စွာ ဆေးဝါးကုသပေးနိုင်ခဲ့ပြီး ဆေးရုံများမှ ထပ်မံပြန်ဆင်းခဲ့ကြရာ လတ်တလောအချိန်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသော လူနာ ၅၈၂၆၄၉ ဦးသာ နိုင်ငံတစ်ဝန်းရှိ ဆေးရုံများ၌ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
အိန္ဒိယအစိုးရသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ထိန်းချုပ်ရန် ရောဂါစမ်းသပ်စစ်ဆေးမှုကို အရှိန်မြှင့် လုပ်ဆောင်ခြင်းနှင့်အတူ အောက်တိုဘာ ၃၀ ရက် တစ်ရက်အတွင်း လူဦးရေ ၁၀၆၇၉၇၆ ဦးတို့၏ နမူနာကို စမ်းသပ်စစ်ဆေးနိုင်ခဲ့ရာ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ စတင် ဖြစ်ပွားခဲ့ချိန်မှစ၍ ယနေ့အထိ လူဦးရေ ၁၀၈၇၉၆၀၆၄ ဦးတို့၏ နမူနာကို ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ စမ်းသပ်စစ်ဆေးနိုင်ခဲ့သည်။
မြို့တော်နယူးဒေလီသည် မကြာသေးမီရက်များက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအသစ်နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရာ လွန်ခဲ့သည့် လေးရက်တာအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ၁၀ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း တရားဝင် ကိန်းဂဏန်းများအရ သိရသည်။
ကိုးကား - ဆင်ဟွာ ဘာသာပြန် - ဂျေတီ