ဆော ၁ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့ သီရိရပ်ကွက် သီရိဥတ္တရာ ရာမကျောင်းတိုက်အနီးရှိ ပြည်လုံးချမ်းသာမြို့နာမ်ဘုရားကြီးတွင် သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာ ၃၁ ရက် ညပိုင်းတွင် ဆီမီးထွန်းညှိ ပူဇော်ခဲ့ကြသည်ကို တွေ့မြင်ရသည်။
ယင်းသို့ ဆက်ကပ်လှူဒါန်းပူဇော်ရာတွင် လူမှုရေးအသင်းအဖွဲ့ဖြစ်သည့် ဆောမြို့ ကမ်းမည့်လက် လူငယ်များအဖွဲ့မှ ဦးဆောင်ကာ အလှူရှင်များနှင့် ဘုရားဖူးလာပြည်သူအချို့မှ ပြည်လုံးချမ်းသာ မြို့နာမ်ဘုရားကြီးနှင့် အရံစေတီတော်တို့တွင် ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ခဲ့ကြပြီး ကောင်းမှုကုသိုလ် ပြုခဲ့ကြကြောင်း သိရသည်။
ဇော်မျိုးသန့်(ဆော)


