ဝန်းသို ၁ နိုဝင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ပင်လည်ဘူး-ကောလင်းသွား ကားလမ်းမ ပေါ်တွင် တန်ပိုစစ်ဆေးရေးဂိတ် ထားရှိမည်ဟု သိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး လမ်းဦးစီးဌာနညွှန်ကြားရေးမှူး ဦးကျော်ထွန်းလင်း၊ ကသာခရိုင် လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ထိုက်တို့သည် ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူးမြို့နယ် လမ်းဦးစီးတို့သည် (ဆင်ကုန်း-ဝန်းသို-ပင်လည်ဘူး)လမ်း၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူးမြို့နယ် များအား မိုးဒဏ်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ယမန်နေ့ နေ့လယ်ပိုင်းက ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

 

ထို့နောက် ဝန်းသိုမြို့နယ် (၅)မိုင်လမ်းဆုံအနီး ပင်လည်ဘူး-ကောလင်းသွား ကားလမ်းမပေါ်တွင် တန်ပိုစစ်ဆေးရေးဂိတ် ထားရှိမည့်နေရာအား ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်မည့် အခြေအနေ များအား လမ်းညွှန်မှာကြားခဲ့သည်။

 

အဆိုပါ(၅)မိုင်လမ်းဆုံတွင် တည်ဆောက်မည့် တန်ပို စစ်ဆေးဂိတ်အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

မြင့်ထွန်းမင်း(ကောလင်း)