ရေတာရှည် ၁ နိုဝင်ဘာ
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့ တောင်ပိုင်းရှိ အထကကျောင်းတွင် ကိုဗစ်ရောဂါ ကန့်သတ်စောင့်ကြည့်ရေး စင်တာအဖြစ် ဖွင့်လှစ်ခဲ့ပြီး FQ ဝင်ရောက်သူများ မရှိတော့သည့်ဖြစ်ရာ လက်ရှိ မဲရုံအဖြစ်အသုံးပြုနိုင်ရန် ဆွာမြို့ အရေးပေါ်ကူညီရေးအဖွဲ့၊ ကြက်ခြေနီ၊ မီးသတ်အဖွဲ့တို့ ပူးပေါင်း၍ နိုဝင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းက သန့်ရှင်းရေးပြုလုပ်ခြင်း၊ ပိုးသတ်ဆေးများ ပက်ဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွာမြို့ အထကကျောင်းတွင် ကိုဗစ်ရောဂါ စောင့်ကြည့်သူ ဦးရေ ၂၀၀ ကျော် ထားရှိခဲ့ပြီး ယခုအခါ အားလုံးသတ်မှတ်ထားသည့် ရက်များ ပြည့်သွားခြင်းကြောင့် နေရပ်ဒေသများသို့ ပြန်သွားကြပြီဖြစ်ပြီး မဲရုံအဖြစ် ဆောင်ရွက်မည့် ကျောင်းခန်းမနှင့် နှစ်ထပ် ကျောင်းဆောင်သစ် ကျောင်ဝန်း အတွင်းအပြင် နေရာများအားလုံးကို သန့်ရှင်းရေး စုပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
ကိုလွင်(ဆွာ)


