၁ နိုဝင်ဘာ

ဘန်လေ ၀ -  ၃ ချဲလ်ဆီး

ဘန်လေအဝေးကွင်းကို သွားကစားခဲ့ရပေမဲ့ နည်းပြလမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းဟာ ၃ ဂိုးပြတ်နဲ့ နိုင်ပွဲရရှိခဲ့ပါတယ်။ ဂိုးတွေကိုတော့ ပွဲကစားချိန် ၂၆ မိနစ်မှာ ဟာကင်မ် ဇီယက်၊ ၆၃ မိနစ်မှာ ကာ့ဒ် ဇူးမားနဲ့ မိနစ် ၇၀ မှာ တိုက်စစ်မှူး တီမိုဝါနာတို့က သွင်းယူခဲ့ကြတာ ဖြစ်ပါတယ်။

 

ရှက်ဖီးယူနိုက်တက် ၀ - ၁ မန်စီးတီး

မန်စီးတီးအသင်းကလည်း ရှက်ဖီယူနိုက်တက်ရဲ့ အဝေးကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ ကပ်အနိုင်ရခဲ့ပါတယ်။ တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့  ၂၈ မိနစ်မှာ ကိုင်းလ်ဝေါ်လ်ကာက သွင်းယူခဲ့ပါတယ်။

 

လီဗာပူးလ် ၂ - ၁  ဝက်စ်ဟမ်း

လီဗာပူးလ်ကတော့ ဒီပွဲနိုင်ပြီး တန်းစီးဇယားရဲ့ ထိပ်ကို တက်လာနိုင်ခဲ့ပါတယ်။ ပွဲအစ ၁၀ မိနစ်မှာ ဧည့်သည်အသင်း ဦးဆောင်ဂိုးစရပြီး ပက်ဘလို ဖော်နယ်က သွင်းယူခဲ့ပါတယ်။ ၄၂ မိနစ်မှာ ပယ်နယ်တီရပြီး ဆာလက်စ်က ခြေပဂိုးအဖြစ် ပြောင်းလဲခဲ့ပါတယ်။ ၈၅ မိနစ်မှာ ဒီယေဂို ဂျိုတာက အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။

 

ဒီကနေ့မှာတော့ အက်စတွန်ဗီလာ Vs ဆောက်သမ်ပတန်၊ နယူးကာဆယ် Vs အဲဗာတန်၊ မန်ချက်စတာယူနိုက်တက် Vs အာဆင်နယ်၊ တော့တင်ဟမ် ဟော့စပါး Vs ဘရိုက်တန်တို့ရဲ့ပွဲတွေ ကစားဖို့ရှိနေတာ ဖြစ်ပါတယ်။ 

Source – AFP

#MRTV