ရေကြည် ၁ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်တွင် မုန်တိုင်း မိုးဆက်တိုက် ရွာသွန်းသဖြင့် တောင်သူဦးကြီးများ၏ ကောက်ရင်စပါးများ အစို့များပေါက်ကာ ပျက်စီးဆုံးရှုံးလျက်ရှိကြောင်း သိရသည်။
“တောင်သူဦးကြီး တော်တော်များများက ကောက်ရင်စပါးတွေ ထည့်ကြတယ် ရိတ်ဖို့ကလည်း တချို့ကတော်နေပြီ မုန်တိုင်းကလည်းရှိတယ် မိုးကလည်း မပြတ်ရွာနေတယ် မိုးရွာရင်လေပါ ပါတော့စပါးပင်တွေက ပြားကပ်သွားပြီး ရေဖောက်ထားပေမဲ့ မိုးကရွာရင် ရေအိုးရိုက်ခွဲသလိုရေပါတယ် မြေမှာဝပ်သွားတဲ့ စပါးပင်တွေက အစို့တွေပေါက်တယ် တချို့ နွားရေတိုက်အုပ်စု ၈၃၃ ကွင်းမှာ ဆင်းသုခစပါး၊ ပခမ်းစပါး၊ ကောက်ညှင်းစပါးတွေ အစို့ပေါက်ကြတယ် တချို့တောင်သူတွေဆို လွှတ်လိုက်ရမဲ့ လယ်ကွက်တွေတောင်ရှိတယ် အစို့ပေါက်ပါရင် စပါးဝယ်တဲ့ ပွဲစားတွေက ဝယ်ဖို့ စိတ်မဝင်စားကြဘူး အခုတည်းက အရှုံးပေါ်နေပြီ” ဟု တောင်သူဖြစ်သူ ဦးလှဦး ကပြောသည်။
ရေကြည်မြို့နယ်အတွင်း နေရာတိုင်းမှာ မုန်တိုင်းမိုးကြောင့် စပါးပျက်စီးဆုံးရှုံးခြင်းများရှိကြောင်း သိရသည်။
ဆန်းတင့် (ရေကြည်)


