နေပြည်တော် ၁ နိုဝင်ဘာ
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ဇနီး ဒေါ်လွင်လွင်မှန် တို့သည် ယနေ့မွန်းလွဲပိုင်းတွင် နိုဝင်ဘာ ၈ ရက်၌ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဇမ္ဗူသီရိမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်နေရာများအတွက် ကြိုတင်ဆန္ဒမဲ ပေးကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့သည် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်၊ မြို့မဈေးဓမ္မာရုံ၌ ဖွင့်လှစ်ထားသည့် ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ လာရောက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲပေးရန် မှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့သည် ဆန္ဒမဲလက်မှတ်များ၌ လျှို့ဝှက်စွာဆန္ဒမဲပေးကြပြီး ကြိုတင်ဆန္ဒမဲ ပုံးထဲသို့ ဆန္ဒမဲလက်မှတ်များ ထည့်သွင်းကြသည်။
အလားတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် ဇနီး ဒေါ်ခင်သီတာတို့သည် ယမန်နေ့က ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသို့ လာရောက်၍ ဇမ္ဗူသီရိမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်နေရာများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲပေးရန် မှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုး ကြပြီး ဆန္ဒမဲလက်မှတ်များ၌ လျှို့ဝှက်စွာဆန္ဒမဲပေးကြကာ ကြိုတင်ဆန္ဒမဲပုံးထဲသို့ ဆန္ဒမဲလက်မှတ်များ ထည့်သွင်းခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်


