ကျောက်တံခါး     ၁   နို၀င်ဘာ

ကမ္ဘောဇဘဏ်သည် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့ ထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး ခုတင်(၅၀)သို့ အောက်တိုဘာ ၂၇ ရက်က  ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေ ပေးအပ်လှူဒါန်းသည်။

အခမ်းအနားတွင်  ကမ္ဘောဇဘဏ်(ညောင်လေးပင်မြို့) ဘဏ်ခွဲတာဝန်ခံ ဦးသက်စိုးဦးနှင့် ဝန်ထမ်းများက ပိုးတွေ့လူနာ များနှင့် ၎င်းတို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြသည့်  ဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး   ဆေးရုံသုံး Mask  ၂၀၀၀၀၊ ခေါင်းစွပ် ၅၀၀၊ လက်အိတ်  ၃၀၀၀၊ မျက်နှာအကာ Face Shield ၂၀၀၊ Hand Gel ဘူးကြီး ၂၀၀၊ တစ်ကိုယ်ရေသုံး PPE ဝတ်စုံ ၅၀ နှင့် ဆေးရုံကြီးအတွက် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန်ကာလ အထွေထွေ အသုံးပြုနိုင်ရန် ငွေကျပ်သိန်း ၅၀ တို့ကိုလှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာသန့်လွင်နှင့် ဆရာဝန်၊ သူနာပြုများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ကမ္ဘောဇဘဏ်သည်  စက်တင်ဘာလမှစတင်ကာ နိုင်ငံတစ်ဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ လတ်တလော ပိုးတွေ့လူနာအများဆုံး ပြည်သူ့ဆေးရုံကြီးများသို့ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများ ကို  စဉ်ဆက်မပြတ် ပေးပို့လှူဒါန်းခဲ့သည်။

ယနေ့အချိန်ထိ မြောက်ဦး၊ ကျောက်ဖြူ၊ မောင်တော၊ စစ်တွေ၊ သံတွဲ၊ အမ်း၊ တောင်ကုတ်၊ ကျောက်တော်၊ မင်းပြား၊ မာန်အောင်၊ မော်လမြိုင်၊ ကျိုက်ထို၊ တောင်ကြီး၊ ကလော၊  မန္တလေး၊ မိတ္ထီလာ၊ ကျောက်ဆည်၊ မြစ်သား၊ နွားထိုးကြီး၊ သာစည်မြို့များ၊ မြင်းခြံ၊ နတ်မောက်၊ မုံရွာ၊ ဒီပဲယင်း၊ မင်းကင်း၊ ဇီးကုန်း၊ ပဲခူး၊ ဒိုက်ဦး၊ သာယာဝတီ၊ ပုသိမ်၊ မအူပင်၊ ဒလမြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံကြီးများသို့ ပေးပို့လှူဒါန်းခဲ့သည်။ 

ဆက်လက်၍လည်း ယခုနိုဝင်ဘာလအတွင်း လက်ပံတန်းမြို့၊ ပေါင်မြို့နှင့် ဒေးဒရဲမြို့များရှိ ဆေးရုံကြီးများသို့ နေရာအရောက် စနစ်တကျ နေ့စဉ်ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကျော်