ဂွ  ၁  နိုဝင်ဘာ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု သည် ယနေ့ မွန်းလွဲပိုင်းက ဂွမြို့၊ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှိ မဲရုံ၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကြိုတင်ဆန္ဒမဲပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ဂွမြို့နယ်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်နေရာများအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျလျှို့ဝှက်ဆန္ဒမဲပေးခဲ့သည်။

ဂွမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ လေးခုနှင့် တစ်သီးပုဂ္ဂလ သုံးဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မဲဆန္ဒနယ်မြေ အမှတ်(၁)နှင့် အမှတ်(၂)တို့တွင် မဲဆန္ဒရှင် စုစုပေါင်း ၅၄၈၅၆ ဦးရှိရာ အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင် ၂၃၃၁ ဦး၊ မဲရုံပေါင်း ၁၃၅ ရုံရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ရွှေရည်ဝင်း(ပြန်/ဆက်)