မြိုင်  ၂  နိုဝင်ဘာ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြိုင်မြို့နယ်၊ သံချောင်းကျေးရွာတွင် ကျေးလက်နေပြည်သူများ လျှပ်စစ်မီးအသုံးပြုနိုင်စေရန်အတွက် မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ၄၀၀ ဗို့ လျှပ်စစ်မီးလိုင်းသွယ်တန်းခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံးရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းထံမှ သိရသည်။

 

သံချောင်းကျေးရွာတွင် မြစိမ်ရောင်စီမံကိန်းအတိုးရငွေကျပ်  ၆ သန်းနှင့် ပြည်သူထည့်ဝင်ငွေကျပ် ၂၄ ဒသမ ၃၃၈၅ သန်း၊ စုစုပေါင်း ၃၀ ဒသမ ၃၃၈၇၅ သန်းဖြင့် ၄၀၀ ဗို့ဓာတ်အားလိုင်း သွယ်တန်းခြင်း လုပ်ငန်းကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ နည်းပညာအကူအညီ၊ ကျေးရွာသူ/ သားများ ပူးပေါင်းပါဝင်မှုဖြင့် စက်တင်ဘာလ စတုတ္ထအပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီ ဖြစ်သောကြောင့် အဆိုပါကျေးရွာရှိ  ကျေးလက်နေပြည်သူများအတွက်  အချိန်ပြည့် လျှပ်စစ်မီးသုံးစွဲနိုင်တော့မည် ဖြစ်ကြောင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာပြီဖြစ်ကြောင်း သိရသည်။

ဇော်မင်းဌေး