မန္တလေး ၂ နိုဝင်ဘာ
မန္တလေး အောင်မြေသာစံမြို့နယ် ရွှေမန်းတောင် အားကစားကွင်းအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တည်ဆောက်လျက်ရှိသည့် မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန အလျား ပေ ၁၅၀၊ အနံ ၄၅ ပေရှိ အားကစားသမားများ နားနေဆောင် အာစီ(၄)ထပ် အဆောက်အအုံအား Royal MAS ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့ရာ နိုဝင်ဘာလဆန်းတွင် တည်ဆောက်ပြီးစီးခဲ့သည်။
အလားတူ ရွှေမန်းတောင် အားကစားကွင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန အရေးကြီး ဧည့်သည်များ နားနေနိုင်ရန်အတွက် တည်ဆောက်ခဲ့သော ရွှေမန်းတောင် ဧည့်ရိပ်သာသည်လည်း နိုဝင်ဘာလဆန်းတွင် တည်ဆောက်ပြီးစီးခဲ့ကြောင်း သိရသည်။
မောင်ပြည်သူ(မန္တလေး)


