ရန်ကုန် ၂ နိုဝင်ဘာ
မြန်မာနိုင်ငံ ဆရာဝန်အသင်း အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့မှ လက်ရှိ ဖြစ်ပေါ်နေသည့်ကိုဗစ် - ၁၉ ကာလအတွင်း ပြည်သူများမှ ကျန်းမာရေး ပြဿနာများကို ဖုန်းဖြင့် ဆွေးနွေးတိုင်ပင်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်နေ့ထိ ၂၀၇၉ ကြိမ်ရှိကြောင်း သိရသည်။
ပြည်သူများမှ ကိုဗစ်-၁၉ ရောဂါ စိုးရိမ်ပူပန်မူနှင့် ဆေးရုံဆေးခန်းများသို့ သွားရောက်ပြသရန် အခက်အခဲ ရှိမှုကြောင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးမှုများကို မြန်မာနိုင်ငံ ဆရာဝန်အသင်း အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့မှ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆွေးနွေးရာတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ဆက်သွယ်မေးမြန်းသူ ဦးရေမှာ ၁၂၆၆ ကြိမ်၊ ကိုဗစ်ရောဂါမဟုတ်ဘဲ အခြားရောဂါကြောင့် မေးမြန်းသူမှာ ၈၃ ကြိမ်ရှိကြောင်း သိရသည်။
ကျန်းမာရေးပြဿနာများကို တိုင်ပင်ဆွေးနွေးကြသူများမှာ ရန်ကုန်တိုင်းဒေသကြီးမှ ပြည်သူများအပြင် ပဲခူးတိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်နှင့် မွန်ပြည်နယ်တို့မှပြည်သူများ ပါဝင်ပြီး ဆက်သွယ်စုံစမ်းမေးမြန်းမှုများကို ဆွေးနွေးတိုင်ပင် ပေးလျက်ရှိကြောင်း သိရသည်။
အောင်သူရ


