မန္တလေး ၂ နိုဝင်ဘာ
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသည့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြု ကျန်းမာရေးသုံးပစ္စည်းများ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နိုဝင်ဘာ ၂ ရက်နေ့၌ ထပ်မံရောက်ရှိသည်။
အဆိုပါ အထောက်အကူပြုပစ္စည်းများ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိရာတွင် နိုဝင်ဘာ ၂ ရက်နေ့ နံနက် ၃ နာရီ ၄၀ မိနစ်အချိန်၌ Surgical Gown(၃၀၀၀၀)ခုပါ (၃၀၀)ဖာ၊ Boots Cover (၃၆၀၀၀)ခုပါ (၁၈၀)ဖာ၊ Face Shield (၆၀၀၀၀)ပါ (၁၂၀)ဖာ ရောက်ရှိကြကြောင်း သိရသည်။
ဆက်လက်ပြီး ယင်းလေကြောင်းလိုင်းဖြင့် နံနက် ၉ နာရီ ၃၅ မိနစ်အချိန်တွင် ထပ်မံဆိုက်ရောက်ခဲ့ပြီး Surgical Gown(၃၇၅၀၀)ခုပါ (၃၇၅)ဖာ၊ Boots (ဖိနပ်) အရံ(၄၀၀၀)ပါ (၂၀၀)ဖာ ပါဝင်ခဲ့ကြောင်း သိရသည်။
#MRTV


