ကျောက်ဖြူ ၂ နိုဝင်ဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျောက်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပိုလျှံရန်ပုံငွေဖြင့် ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်တွင် ပြည်နယ်အစိုးရအဖွဲ့ ပိုလျှံရန်ပုံငွေကျပ် ၁၉ ဒသမ ၄၆ သိန်းဖြင့် ချောင်းဖျားကျေးရွာ၊ တောင်ရင်းကျေးရွာနှင့် တောင်ကြီးရင်ကျေးရွာတို့တွင် အမြင့်တင်ရေစင်မှ ကျေးရွာအရောက် ရေပေးရေးလုပ်ငန်း များကို ဆောင်ရွက်ခြင်းဖြစ်သည်။
အဆိုပါလုပ်ငန်းများကို မြို့နယ်ကျေးလက်ဦးစီးဌာနက တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီး လုပ်ငန်းပြီးစီးသွားသည့် တောင်ရင်းကျေးရွာတွင် အမြင့်တင်ရေစင်မှ ကျေးရွာအရောက် ရေပေးရေးလုပ်ငန်းများ မြို့နယ် ကျေးလက်ဦးစီးမှူးနှင့် တာဝန်ခံအင်ဂျင်နီယာတို့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ကျောက်ဖြူမြို့နယ်အတွင်း အဆိုပါကျေးရွာ ၃ ရွာအား ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် အိမ်ခြေ ၂၂၁ အိမ်၊ အိမ်ထောင်စု ၂၃၇ စု၊ လူဦးရေ ၁၁၉၇ ဦးတို့မှာ သန့်ရှင်းသော သောက်သုံးရေများ ရယူသုံးစွဲနေကြပြီဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


