ဟင်္သာတ ၂ နိုဝင်ဘာ
ကျေးလက်နေ တောင်သူဦးကြီးများ စိုက်ပျိုးထုတ်လုပ်ခဲ့သည့် စပါးများအား ရောင်းချရာတွင် လက်ရှိဖြစ်ပေါ်လျက်ရှိသော စပါးဈေးနှုန်းများအရ တောင်သူများ အခက်အခဲ မဖြစ်ပေါ်စေရေးအတွက် သမဝါယမကဏ္ဍမှ စပါးဝယ်ယူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် သမဝါယမအသင်းစုမှ စပါးဝယ်ယူရေးအတွက် တလုထ္ထော်ကျေးရွာတွင် စပါးအဝယ်ဒိုင်ဖွင့်လှစ်၍ စပါးဝယ်ယူရေးလုပ်ငန်းကို အောက်တိုဘာ ၂၈ ရက်မှ စတင်၍ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သမဝါယမဦးစီးဌာန


