နေပြည်တော် ၂ နိုဝင်ဘာ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့်ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး COVID-19 ရောဂါ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို စက်တင်ဘာ ၂၉ ရက်မှ စ၍ အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် ညနေ ၆ နာရီ မိနစ် ၃၀ မှ ည ၇ နာရီအထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။
နိုဝင်ဘာ(၃)ရက် ညနေတွင် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်စပ်လျဉ်း၍ နည်းပညာပိုင်းဆိုင်ရာကူညီ ပံ့ပိုးအားဖြည့်ဆောင်ရွက်ရေးအဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) ပါမောက္ခဒေါက်တာ စိုးလွင်ငြိမ်း ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးဝင်းဦးခိုင် နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်တို့က ပြည်သူများ သိရှိမေးမြန်းလိုသည့် COVID-19 ကူးစက် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်းသည့် မေးခွန်းများအပေါ် ပြန်လည် ဖြေကြားချက်များကို ဆက်လက် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


