ကျိုင်းတုံ ၃ နိုဝင်ဘာ
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဈေးတန်းကြီးလမ်း၊ စာတိုက်အနီးရှိ ထရန်စဖော်မာတွင် နိုဝင်ဘာ ၂ ရက်က လူတစ်ဦး ကြေးနန်းကြိုးကိုင်လျက် ဓာတ်လိုက်သေဆုံး နေကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်နေ၊ ကီလိုကောက်သူ (ပုလင်းခွံ၊ ဘူးခွံ ကောက်သူ) မောင်အားတီ(ခ)ဂွတိုသည် ဈေးတန်းကြီးလမ်း၊ ထရန်စဖော်မာအတွင်းရှိ မြေကြီးအတွင်း မြှုပ်ထားသော အပ်ကြိုး (မိုးကြိုး)အား ဖြတ်တောက်ခိုးယူနေစဉ် လျှပ်စစ်ဓာတ်အားမှာ ပို့လွှတ်ထားသဖြင့် ၎င်းအပ်ကြိုးအား ခိုးယူနေစဉ် ဓာတ်လိုက်၍ ပြင်ပဒဏ်ရာမတွေ့ရှိရဘဲ သေးဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးမှုနှင့် ပတ်သက်၍ ကျိုင်းတုံမြို့မရဲစခန်းမှ အမှုဖွင့်ထားကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)