မိုင်းရှူး ၄ နိုဝင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမည့် မဲရုံများကြိုတင်ပြင်ဆင်နေမှုကို ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ယင်းသို့ ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထွဋ်နှင့် တာဝန်ရှိသူများက မိုင်းရှူးမြို့ ရပ်ကွက်(၄) မဲရုံနှင့် နားစံ၊ မိုင်းအော့ကျေးရွာအုပ်စုများသို့ သွားရောက်၍ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ အဖွဲ့ဝင်များနှင့်အတူ မဲရုံအလိုက် မဲဆန္ဒရှင်ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့်အညီ စနစ်တကျ မဲပေးနိုင်ရန် ဆောင်ရွက်ထားရှိမှုနှင့် မဲရုံလုပ်ငန်းဆိုင်ရာများ ကြိုတင်ပြင်ဆင်နေမှုတို့ကို ကြည့်ရှုခဲ့သည်။
မိုင်းရှူးမြို့နယ်တွင် မိုင်းစံမြို့အပါအဝင် ရပ်ကွက်(၇)ခုနှင့် ကျေးရွာအုပ်စု(၁၇)ခုတို့၌ မဲဆန္ဒရှင်ဦးရေ (၅၂၃၉၃) ဦးရှိပြီး မဲရုံ(၄၅)ရုံ ထားရှိဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)


