မိုးညှင်း ၄ နိုဝင်ဘာ
၂၀၂၀ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်းရှိ မသန်စွမ်းသူမဲဆန္ဒရှင် ငါးရာကျော်အတွက် အလွယ်တကူ ဆန္ဒမဲပေးနိုင်ရန် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ မဲပေးနည်းစနစ် International Foundation For Electoral system ၏ ကူညီထောက်ပံ့မှုနှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ် မသန်စွမ်းသူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးဘိုလယ်ထံမှ သိရသည်။
မိုးညှင်းခရိုင်အတွင်း ဆန္ဒမဲပေးမည့် မသန်စွမ်းသူမဲဆန္ဒရှင် ၅၂၉ ဦး ရှိကြောင်း၊ မြစ်ကြီးနားခရိုင်၊ ဗန်းမော်ခရိုင်၊ မိုးညှင်းခရိုင်ရှိ မသန်းစွမ်းသူများအတွက် မဲပေးနိုင်ရန် နည်းစနစ်များကို အောက်တိုဘာ ၁ ရက်မှ ၂၀ ရက်အထိ အလုပ်ရုံဆွေးနွေးပွဲ သင်တန်း ကိုးကြိမ် ဖွင့်လှစ်သင်ကြားပေးထားကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ stay at home မြို့နယ်အဖြစ် ကြေညာထားသည့် မိုးညှင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်များမှ မသန်စွမ်းများကို အောက်တိုဘာ ၂၁ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ Zoom meeting နှင့် သင်တန်းသုံးကြိမ်ပို့ချထားကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)


