ရန်ကုန်     ၄  နိုဝင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ ကမ်းနားအနောက်ရပ်ကွက်၊ ရွှေဥဒေါင်းလမ်း၊ ရွှေတောင်ရေခဲစက်ဝန်းတွင် ယနေ့ ၃ နာရီ ၅၅ မိနစ်ခန့်က ရေပြင်ရှိ ဂါလန်(၂)သိန်းခန့်ရှိ ဂျက်တီပေါ်မှ ဆီဘောက်ဆာယာဉ်ပေါ်သို့ ဆီလှယ်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ရန်ကုန်မြောက်ပိုင်းခရိုင်၊ မီးသတ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဦး ဦးဆောင်၍ မြောက်ပိုင်းခရိုင် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ အထောက်အကူပြုယာဉ် (၁)စီး၊ အင်းစိန်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၄၅)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်(၁၅)ဦးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ မီးလောင်နေသည့် ဆီဘောက်ဆာယာဉ်အား ညနေ ၄ နာရီခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုကြောင့် ဂါလန်(၄၀၀)ဆံ့ CANTER (အဖြူရောင်)(၆)ဘီးယာဉ်ခေါင်းခန်း မီးလောင်ကျွမ်းခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ အင်းစိန်မြို့မရဲစခန်းက အရေးယူနိုင်ရန် စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)