သံတောင်ကြီး ၅  နိုဝင်ဘာ

ကရင်ပြည်နယ်  ဘားအံခရိုင်  သံတောင်ကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အသက်(၆၀)နှစ်နှင့်အထက် ဘိုးဘွားများ နှင့်  မသန်စွမ်းသူများအား  ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက်   အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ အိမ်တိုင်ရာအရောက် သွားရောက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များ၊ မဲရုံမှူး ဒုမဲရုံမှူးများ၊ အထူးရဲများ၊ ရွေးကောက်ခံပါတီများ၏ ကိုယ်စားလှယ်များက အသက်(၆၀)နှစ်နှင့် အထက် ဘိုးဘွားများနှင့် မသန်စွမ်းသူများအနေဖြင့် ဆန္ဒမဲပေးနိုင်မည့် အခွင့်အရေး မဆုံးရှုံးစေရန်အတွက် အိမ်တိုင်ရာအရောက် ကြိုတင် ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ သံတောင်ကြီးမြို့နယ် ကျေးရွာအုပ်စု (၇၀) အုပ်စုတွင် မဲရုံပေါင်း (၉၅) ရုံရှိ မဲဆန္ဒရှင် (၆၂၂၈၉) ဦးရှိပြီး အသက်(၆၀)နှစ်နှင့် ဘိုးဘွားများနှင့် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ (၁၂၆၆၂)ဦးရှိကာ နိုဝင်ဘာ (၄) ရက်အထိ ကြိုတင်ဆန္ဒမဲပေးပြီးသူ (၆၂၁၂)ဦးရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)