၅ နိုဝင်ဘာ
တရုတ်နိုင်ငံသို့ ဗြိတိန်နဲ့ ဘယ်လ်ဂျီယံနိုင်ငံက တရုတ်နိုင်ငံသားမဟုတ်တဲ့သူတွေကို နိုင်ငံအတွင်း ဝင်ရောက်ခွင့် တားမြစ်ထားကြောင်း သိရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုး စတင်ပျံ့နှံ့ရာ တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုတားမြစ်ရန် နိုင်ငံရဲ့ နယ်စပ်ဂိတ်တွေ ပိတ်ထားကာ နိုင်ငံတွင်းမှာလည်း အသွားအလာတွေ ကန့်သတ်ခဲ့ပြီး ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ဟန့်တားနိုင်ခဲ့ပါတယ်။
မတ်ကစတင်ပြီး နိုင်ငံခြားသားအားလုံးကို တရုတ်နိုင်ငံအတွင်း ဝင်ထွက်ခွင့် ပိတ်ပင်ထားခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ သောင်တင်နေတဲ့ နိုင်ငံခြားသားတွေကို နိုင်ငံခြားသံရုံးတွေကနေတစ်ဆင့် ပြန်လည်ခေါ်ဆောင်ခွင့် ပြုထားသလို တရုတ်နိုင်ငံကို လာရောက်မယ့်သူတွေကိုလည်း ကိုရိုနာဗိုင်းရပ်စ်ပိုး မရှိကြောင်း ထောက်ခံချက်နဲ့ သီးသန့်သီတင်းနှစ်ပတ် ခွဲခြားနေထိုင်ခြင်းဖြင့် လက်ခံလာတာကိုတွေ့ရပါတယ်။
ဉရောပနိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုများပြားလာတဲ့အတွက် ဗြိတိန်မှာရှိတဲ့ တရုတ်သံရုံးက တရုတ်နိုင်ငံသားမဟုတ်တဲ့ နိုင်ငံခြားသားတွေကို တရုတ်နိုင်ငံသို့ ဝင်ရောက်ခွင့်ပိတ်ပင်ခဲ့ပါတယ်။ အလာတူဆုံးဖြတ်ချက်မျိုး ဘယ်လ်ဂျီယံရှိ တရုတ်သံရုံးမှာလည်း ချခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ ဗိုင်းရပ်စ်ပိုးနဲ့ ပတ်သတ်ပြီး နိုင်ငံအချို့မှလာရောက်သူတွေကို တင်းကျပ်တဲ့ စည်းမျဉ်းတွေချထားပါတယ်။ သက်ဆိုင်ရာနိုင်ငံတွေရှိ တရုတ်သံရုံးကို ၄၈ နာရီအတွင်း ဗိုင်းရပ်စ်ပိုး စမ်းသပ်ချက် ပြရမှာ ဖြစ်ပါတယ်။
လက်တလောချမှတ်လိုက်တဲ့ စည်းမျဉ်းတွေနဲ့ အကျုံးဝင်တဲ့နိုင်ငံတွေက ပြင်သစ်၊ အိန္ဒိယ၊ စင်ကာပူ၊ ကနေဒါ၊ ဂျာမနီ၊ ပါကစ္စတန်၊ တောင်အာဖရိ နဲ့အမေရိကန်နိုင်ငံတွေ ဖြစ်ပါတယ်။
MDN
ကိုးကား - AFP