အင်တော ၆ နိုဝင်ဘာ       

ရှမ်းပြည်နယ်၊ အင်တောမြို့၊ တိုက်နယ်ကျန်းမာရေးဌာနတွင် ယနေ့နံနက် ၉ နာရီက အသက် (၁) နှစ်ခွဲအောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး၊ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် အင်တောမြို့ တိုက်နယ်ကျန်းမာရေးဌာန အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်အေးအေးသန်းနှင့်အဖွဲ့က အသက်(၁၀)နှစ်အောက် ကလေးငယ်များအား အသည်းရောင်  အသားဝါ (ဘီ)၊ ဘီစီဂျီ၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ပိုလီယိုကာကွယ်ဆေး၊  ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်၊ ဂျိုက်သိုး စသည့် ကာကွယ်ဆေးများ တိုက်ကျွေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံမှုကို အင်တောမြို့ပေါ်ရပ်ကွက်(၆)ခုမှ အသက်(၁) နှစ်ခွဲအောက် ကလေးငယ် စုစုပေါင်း ၃၀ တို့အား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အောင်ခိုင်(အင်တော)