လေးမျက်နှာ   ၆  နိုဝင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ရပ်ကွက်/ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ ရုံးသို့ နိုဝင်ဘာ ၅ ရက်အထိ ကြိုတင်ဆန္ဒမဲ လာရောက်ပေးသူ (၈၄၈၃)ဦး ရှိပြီဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

 

ထိုသို့ မဲဆန္ဒပြုရာတွင် လေးမျက်နှာမြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၈၃၄၅၇)ဦး ရှိသည့်အနက် အသက်(၆၀)နှစ်အထက်နှင့် အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင် တာဝန်ဖြင့် ခရီးသွားလာမည့် နိုင်ငံ့ဝန်ထမ်းများ၊ မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်မည့်သူများ၊ ကျန်းမာရေး မကောင်းသူ စုစုပေါင်း(၈၄၈၃)ဦးမှ လာရောက်၍ ကြိုတင်ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါကြိုတင် ဆန္ဒမဲပေးသူများအနေဖြင့် ကြိုတင်ဆန္ဒမဲများကို ကိုယ်တိုင်လာရောက် မဲပေးနိုင်ပြီး ကျန်းမာရေး အခြေအနေအရ ကိုယ်တိုင်လာရောက်ရန် ခက်ခဲပါက ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ ရုံးသို့ သတင်းပေးပို့လျှင် ကြိုတင်ဆန္ဒမဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျော်ဟိန်း (ပြန်/ဆက်)