၆ နိုဝင်ဘာ
ဆလိုဗေးနီးယားအစိုးရက ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် အဓိကကျသော ကန့်သတ်ချက်အစီအမံများ ထပ်မံတိုးမြှင့်ရန် ယမန်နေ့က ဆုံးဖြတ်ချက်ချခဲ့သည်။
မြို့တော်အတွင်း လှုပ်ရှားသွားလားမှုကို ပိတ်ပင်ထားပြီး လူခြောက်ဦးထက်မပိုသောစုဝေးမှုကို နောက်ထပ်သီတင်းပတ်တစ်ပတ် ထပ်မံတိုးမြှင့်ခဲ့သည်။
သောကြာနေ့မှစတင်ကာ စီးပွားရေးလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ခွင့် ပြုခဲ့သည်။
အောက်တိုဘာ ၂၄ ရက်နေ့က တင်းကျပ်မှုအမြင့်ဆုံးအဆင့်စီမံချက်များ ချမှတ်ခဲ့ပြီး အသွားအလာကန့်သတ်ပိတ်ဆို့မှုကို အစိုးရက ဒုတိယအကြိမ် သက်တမ်းတိုးမြှင့်ခဲ့သည်။
အစိုးရက ပညာရေးနယ်ပယ်တွင် ကန့်သတ်ချက်များတိုးမြှင့်ရန်လည်း ဆုံးဖြတ်ချက်ခဲ့သည်။
သီတင်းနှစ်ပတ်ကြာအားလပ်ရက်ကုန်ဆုံးပြီးနောက် မူလတန်းကျောင်းသားများ စာသင်ကျောင်းများသို့ ပြန်လည်မတက်ရောက်ကြပဲ အဝေးက သင်ယူမှုကို တစ်ဖန်စတင်မည် ဖြစ်သည်။
အလယ်တန်းကျောင်းများသည် အဝေးရောက်သင်ကြားမှုကို ယခုသီတင်းပတ်အစောပိုင်းတွင် စတင်သင်ယူနေပြီး ဖြစ်သည်။
ပညာရေးဝန်ကြီး စီမိုနာကုစတ်က အစိုးရသည် ကန့်သတ်ချက်အစီအမံများ သက်တမ်းတိုး၊မတိုးနှင့် အဆုံးသတ်၊မသတ် မည်ကို တစ်ပတ်အတွင်း ပြန်လည်သုံးသပ်မည် ဖြစ်ကြောင်း ပြောကြားသည်။
ဆလိုဗေးနီးယားနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်ခံရသူ ၁၆၈၅ ဦး ရှိကြောင်း ဖော်ပြထားသည်။
လူနေမှုဘဝပုံမှန်ပြန်ဖြစ်စေရန် ဗြိတိန်၊ တရုတ်၊ ရုရှားနှင့် အမေရိကန်နိုင်ငံများသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အချိန်နှင့်တစ်ပြေးညီ အပြိုင်ပြုလုပ်နေကြသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို